A glance



တစ်ခါကမျက်ဝန်းတစ်စုံ
သူ့ဆီကို
ရုတ်တစ်ရက်ရောက်တဲ့ အကြည့်တစ်ချက်
ကြင်နာငွေ့ရီဝေတဲ့ မျက်ဝန်းတစ်စုံနှင့်
ဆုံဆည်းခဲ့ဖူးတယ်
ရင်ခုန်လှိုက်ဖိုခဲ့ရတဲ့တစ်ခဏ
မျက်ဝန်းအစုံထဲ
အကြင်နာမှုအတုအယောင်တွေပဲဆိုတာ
ကြိုသိခဲ့ပေမယ့်လည်း
အချစ်ကိုရူးသွပ်မိတဲ့ နှလုံးသားလေး
အရှုံးတွေထဲ
အပြုံးများနဲ့ပျော်ဝင်ခဲ့ ....
sakura (2002)


Comments