once you came in my life



ချစ်သူချိုးတဲ့မျက်ဝန်းတံခါး
ချစ်သူ...
မင်းနှင့်တွေ့ချိန်က ခဏသာဆိုပေမယ့်
ငါ့ရင်အ၀ှမ်း မင်းလွှမ်းမိုးသွားတယ်
မင်းရဲ့ အကြည့်တစ်ချက်လေးက
ငါ့နှလုံးသားကိုပစ်မှတ်ထား
မျက်ဝန်းတံခါးကိုထွင်းဖောက်လို့
ငါနာကျင်ခံစား အမျက်တော့မထားမိပါရဲ့
မျက်ဝန်းမြှားနှင့်အကြိမ်ကြိမ်ထွင်းဖောက်လို့
ခေါက်ရိုးကျိုးနေတဲ့တံခါး
လှုပ်ရှားယိမ်းယိုင်ထိန်းချုပ်နိုင်စွမ်းမဲ့
ငါ့ရင်ထဲကဘာသာစကားရဲ့အဓိကပ္ပါယ်
မင်းနားလည်ခွင့်ရသွားတဲ့အခါ
မျက်ဝန်းလေးတွေမှေးမှိတ် ရင်ခုန်သံတဒိတ်ဒိတ်နှင့်
ရှက်ရွံ့ခြင်းကိုခံစား မာယာမများတတ်သူပါ...
ဒါပေမယ့်ကွယ်
ဖြူစင်ရိုးသား ပွင့်လင်းတဲ့ပင်ကိုယ်စရိုက်ကြောင့်
အရင့်အရင်အစကတည်းက ငါရင်ခုန်ခဲ့တာလို့
မင်းထင်မှာစိုး သောကတိုးတယ်...
သို့ပေမယ့်လေ
ဧကန်စစ်စစ်
မင်းရင်ထဲကအမှန်တစ်ကယ်ချစ်တယ်ဆိုရင်
မင်းနားလည်သွားတဲ့
ငါ့ရင်ထဲကဘာသာစကား
"အမှန်တရား"လို့ပဲယုံကြည်ထားလိုက်...။




sakura(13.9.2004)

Comments