A peak of light



အလင်းတစ်စ


လမိုက်ညမှာ
ကြယ်တွေကိုလက်ချိုးရေဖို့ကြိုးစားမိသလိုမျိုး
မဖြစ်နိုင်တဲ့နင့်ရဲ့မျက်ဝန်းတွေထဲ
ချစ်ခြင်းအလင်းတစ်စကိုမြင်ချင်ခဲ့မိ
ဒါပေမယ့်တေးချိုချိုမဆိုတော့ငှက်အိုတစ်ကောင်ရဲ့အော်မြည်သံနှင့်အတူ
နင်နဲ့ဝေးဝေးသွားရင်း
ငါ့ရဲ့ကမ္ဘာကတစ်ဖြည်းဖြည်းမှောင်မိုက်လာခဲ့
အမှောင်ကဲတဲ့ဒီအလင်းထဲမှာ
နင့်ပုံရိပ်တွေရှာဖွေရင်း
ရင်ခွင်သစ်ပင်ကမျှော်လင့်ခြင်းတွေလည်းနွမ်းမောမြေခ
မကြည့်၇ မသိပါရစေနဲ့ချစ်သူ
အမုန်းတွေပါလာမဲ့ မျက်ဝန်းတွေကိုကျောခိုင်းထားပါရစေ.....


sakura(19.10.2011)

Comments