About Me

နာကျည်းခြင်းမဲ့တဲ့တစ်ဖက်သက်နှလုံးသား

မေ့နိုင်သူကိုတမ်းတ
ရက်စက်မှုတွေမေ့လျော့
ဖျော့တော့တော့မျှော်လင့်ချင်းတွေနှင့်
စိမ်းကားသူကစိမ်းကားနိုင်ပေမယ့်
ယိမ်းယိုင်ခြင်းမဲ့တဲ့
သံယောဇဉ်မှတ်တိုင်ကတော့
အပြုံးဖျော့တွေနဲ့ခွင့်လွှတ်နိုင်ဆဲပါ
ကိုယ့်အပေါ်
ခံစားမှုမဲ့တဲ့ မျက်ဝန်းတွေနဲ့ကြည့်တတ်သူကိုမှ
နာကျည်းခြင်းတွေကင်းမဲ့နေတယ်
ရက်ရက်စက်စက်ပြောထွက်ခဲ့တဲ့
သူ့နှတ်ခမ်းပါးလေးက
ကိုယ့်အတွက်တော့
မျှော်လင့်ချင်းပျားရည်မြစ်တစ်စင်းပါပဲ..။
                  sakura(11.5.2003)
ဒီလမ်းမှာတစ်ယောက်တည်းရပ်စောင့်နေဆဲ
နင် ပြန်မလာမှန်းသိပေမယ့်
ငါဟာ
ဒီလမ်းမှာတစ်ယောက်တည်းရပ်စောင့်နေဆဲ
အလွမ်းတွေ နွေလိုပဲကျွမ်းကျွမ်း
မိုးလိုပဲရွာရွာ
ဆောင်းလိုပဲဝေေ၀
တစ်ခါတစ်လေ နင်ပြန်လှည့်လာမလားအတွေးနဲ့
ဒီလမ်းမှာတစ်ယောက်တည်းရပ်စောင့်နေဆဲ
နင်က
ထားရစ်ခဲ့တာမဟုတ်သလို
ထွက်သွားနိုင်ပေမယ့်
ငါကတော့ ချန်ရစ်ခဲ့တဲ့အတိုင်း ကျန်ရစ်နေရင်း
ဒီလမ်းမှာတစ်ယောက်တည်းရပ်စောင့်နေဆဲ
နင်က အားရှိသမျှလွင့်ချင်သူဆိုတော့
ပြန်လာဖို့မတောင်းဆိုပေမယ့်
နင်ပင်ပန်းလို့ တစ်ခါပြန်ခိုနားတဲ့အခါ
နင့်အတွက်အသင့်ကမ်းလင့်ကြိုဖို့
ဒီလမ်းမှာတစ်ယောက်တည်းရပ်စောင့်နေဆဲ
အရင်အတိုင်းပဲချစ်နေဆဲ..။
sakura(12:50 am, 16.9.2011)