Joke

သမ္ဘာ

လေယာဉ်ပျက်ကျသဖြင့် ယောကျာ်းခရီးသည်များနှင့် မိန်းမခရီးသည်များ
မြစ်ကမ်းတစ်ဖက်တစ်ချက်စီသို့ ရောက်သွားကြသည် ။ မိန်းမခရီးသည်များနှင့်
မည်သို့ပူးပေါင်းနိုင်မည်နည်း ဆိုသည်ကို ယောကျာ်းများ တိုင်ပင်ကြသည် ။
“ဟိုဖက်ကမ်း ကိုမြန်မြန်လေး ရေကူးသွား ကြရအောင်” အသက် ၂၀-အရွယ်
လူငယ်ကအားတက်သရောပြောသည်။
“လှေတစ်ခုလုပ်ပြီး ကူးသွားရင် ပိုကောင်းမယ်” အသက် ၃၀-အရွယ်ကပြောသည်။
“ဘယ်ကိုမှ ကူးစရာ မလိုဘူး ၊သူတို့ဟာသူတို့ ကူးလာကြလိမ့်မယ်” အသက်
၅၀-အရွယ်ကပြောသည်။


ဆုရသွားသောဝတ္တုတို”

ဌာနတွင်း ၀တ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။
ဝတ္တုတို တွင် က်ျ အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့်
အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည် ။
- ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။
- တော်ဝင်ဆန်ရမည် ။
- လိင် သဘောသဘာဝ ပါရှိရမည်
- လျို့ဝှက်ဆန်းကြယ်ရမည် ။
ဆုရသွားသော ၀တ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။

“အို ဘုရားရေ” ဟု ဘုရင်မက ပြောသည် ။ “ငါ ကိုယ်ဝန်ရှိနေပြီ” ၊ “ဘယ်သူနဲ့
ရတာပါလိမ့်” ဟု ငြီးတွားသည် ။


အကြွေး

အမျိုးသမီးတစ်ဦးသည် ရေချိုးခန်းမှအထွက် လူခေါ်
ခေါင်းလောင်းသံမြည်လာသည်။ ယောင်္ကျားဖြစ်သူက ရေချိုးခန်းဝင်
တော့မည်ဖြစ်သဖြင့် သူ့မိန်းမအား တံခါးဝမှ ခေါင်းလောင်းတီးသူကို
သွားတွေ့ရန်ပြောလိုက်သည်။ အမျိုးသမီးလည်း မျက်နှာသုတ်ပ၀ါပတ်ပြီး
အောက်ထပ်သို့ပြေးဆင်းသွားလေသည်။သူမတံခါးဖွင့်လိုက်သည့်အခါ အိမ်နီချင်း
ကိုမောင်မောင်  ကိုတွေ့လိုက်ရသည်။သူမက ဘာမှ မပြောရသေးခင်မှာပင် ကိုမောင်မောင် က မင်းရဲ့မျက်နှာသုတ်ပ၀ါကို ချွတ်ချလိုက်ရင် ငါမင်းကိုဒေါ်လာ ၅၀၀ ပေးမယ် …
ဟုပြောလိုက်လေသည်။အမျိုးသမီးလည်း ခဏလောက်စဉ်းစားပြီးမှ မျက်နှာသုတ်ပ၀ါကို
ချွတ်ချလိုက်သည်။ ကိုမောင်မောင်က စက္ကန့်အနည်းငယ်လောက်ကြည့်ရှု့ကာ အမျိုးသမီးကို ဒေါ်လာ

၅၀၀ ပေး၍ထွက်သွားလေသည်။ဒေါ်လာ ၅၀၀ ရလိုက်သဖြင့် စိတ်လှုပ်ရှားနေသော အမျိုးသမီးသည်
အပေါ်ထပ်သို့ပြေးတက်လာသည် ။ ဘယ်သူလဲဟေ့ဟု … ယောင်္ကျားက ရေချိုးခန်းထဲမှနေ၍ အော်မေးလိုက်သည်။
အော် …ဟိုဘက်ကအိမ်က..ကိုမောင်မောင် ကြီးပါ … ဟု …

အမျိုးသမီးက ပြန်ဖြေသည်။ ကောင်းတာပေါ့ … သူ့ ငါ့ကို ဒေါ်လာ ၅၀၀ ပေးရမယ့် ကိစ္စဘာပြောသွားသေးလဲကွ … ဟု … သူမ ယောင်္ကျားကမေးလိုက်သည်။


ကိစ္စမရှိဘူး

အဖိုးကြီးကို သူ့သူငယ်ချင်းက ပြောပါတယ်။
“ခင်ဗျားမိန်းမ ကားဒရိုင်ဘာနဲ့ လိုက်ပြေးသွားတယ် လို့ ကြားလိုက်ရတယ်။
စိတ်မကောင်းပါဘူးဗျာ။”
အဖိုးကြီးက ပြန်ပြောပါတယ်။
“ကိစ္စမရှိပါဘူး။ ကျွန်တော် ကားမောင်းနိုင်ပါသေးတယ်။”


သိပ်သိရင် မဖြစ်ဘူး

ကောင်လေးက သူ့အမေကို ပြောပါတယ်။
“အမေ။ ကျွန်တော်တော့ စာဆက်မသင်ချင်တော့ဘူး။”
သူ့အမေက အံ့သြတကြီးနဲ့ “ဘယ်လို ဖြစ်တာလဲ။” လို့ မေးပါတယ်။
အဲဒီတော့ ကောင်လေးက ဒီလို ပြန်ဖြေပါတယ်။
“ဟိုတစ်နေ့က ကျွန်တော် ကြားလိုက်ရတယ် အမေ။ လူတစ်ယောက်ဟာ သိတာတွေ
များလွန်းလို့ သေနတ်နဲ့ ပစ်သတ် ခံလိုက် ရတယ်တဲ့။”


ဘာလုပ်စားမှာလဲ

ဆရာ။ ။ “မင်းလုပ်သမျှ အကုန်အမှားချည်းပဲ။ ဒီပုံအတိုင်းသာဆိုရင်
ကျောင်းပြီးရင် မင်းဘာလုပ်စားမှာလဲ။”
တပည့်။ ။ “စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် မိုးလေဝသ သတင်း ကြေငြာတဲ့သူ လုပ်မှာပါ။”


လေးချင်လေးပါစေ

ဝယ်သူ။ ။ “ဝတ္ထုစာအုပ် တစ်အုပ်လောက် ဝယ်ချင်လို့။ ကူညီပါဦး။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ် မဒမ်။ ဝယ်ချင်တဲ့ စာအုပ်နာမည် ဒါမှမဟုတ်
စာရေးဆရာနာမည်လေး ပြောပါလား။”
ဝယ်သူ။ ။ “အင်း။ အဲဒီလိုမျိုးတော့ မရှိဘူး။ မင်းငါ့ကို သင့်တော်တဲ့
စာအုပ်တစ်အုပ်လောက် အကြံပေးလို့ ရမလား။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ်။ ဒါနဲ့ ပေါ့ပေါ့ပါးပါး စာအုပ်လိုချင်လား။
လေးလေးပင်ပင် စာအုပ် လိုချင်လား။”
ဝယ်သူ။ ။ “ပေါ့တာ လေးတာ ကိစ္စမရှိပါဘူး။ ငါ့ကားက ဆိုင်အပေါက်ဝမှာတင် ရပ်ထားတာပါ။”


မတတ်နိုင်ဘူး

ဆရာဝန်တစ်ယောက်ဟာ ဂွကျတဲ့ လူ့မလိုင် တစ်ယောက်ကို စမ်းသပ်ဖို့ အခြေအနေ ဖြစ်လာပါတယ်။
“ကောင်းပြီ။ ခင်ဗျား ဘာဖြစ်သလဲ ကျွန်တော့်ကို ပြောပါ။” လို့ ဆရာဝန်က
ပြုံးပြုံးရွှင်ရွှင်နဲ့ မေးပါတယ်။
“ကျွန်တော် ဘာဖြစ်သလဲ ဆိုတာကို ရှာဖွေဖို့က ခင်ဗျား အလုပ်ပဲလေ။” လို့
လူ့ဂွစာက ပြန်ပြောပါတယ်။
ဆရာဝန်က ခဏ စဉ်းစားပြီး ပြောပါတယ်။
“ကောင်းပြီ။ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ပေးပါ။
ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို သွားခေါ်ချင်လို့ပါ။ သူက တိရိစ္ဆာန်
ဆရာဝန်လေ။ ကျွန်တော် သိသမျှ ဆရာဝန်ထဲမှာ မေးခွန်းမမေးပဲ ရောဂါရှာနိုင်တဲ့
သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိတယ်။


စာလုံးပေါင်းမှားရခြင်း

ဝယ်သူ။ ။ “ခင်ဗျားဆိုင် ပြတင်းပေါက်က ကြော်ငြာထားတဲ့ စာတမ်းမှာ ဘာလို့
စာလုံးပေါင်းရော သဒ္ဒါရော အမှားတွေ အများကြီး ဖြစ်နေရတာလဲ။”
ဆိုင်ရှင်။ ။ “ဒါက ဒီလိုပါ။ အဲဒီစာတမ်းကို တွေ့တော့ လူတွေက ကျွန်တော့်ကို
ငတုံးငအ လို့ ထင်ပြီး ကျွန်တော့်ဆီက ဝယ်ရင် ပေါချောင်ကောင်း ရမယ်လို့
ထင်ရတယ်။ အဲဒီ ကြော်ငြာ ချိတ်လိုက်တဲ့အချိန်က စပြီး ကျွန်တော့်ဆိုင်
ရောင်းကောင်းလာတော့ တာပါပဲ။”


သည်းခံတတ်သောမိန်းမ

ဖိုးသိန်း “မိန်းမ၊ မင်းနဲ့ငါပေါင်းလာတာ အနှစ်၂၀ ကျော်နေပြီ၊ စညားကတည်းက
ငါမင်းကို မူးလာတိုင်း ရိုက်နှက်
နေတာကို မင်းဘာလို့ အခု အချိန်ထိ သည်းခံပြီးပေါင်းနေနိုင်တာလဲ”
ကျင်စိန် “အော်၊ ရှင်လည်းစိတ်တွေကို လျှော့နေပြီဆိုတော့ ပြောပြရတာပေါ့၊
ဒီလိုရှင့်၊ ရှင်ကျမကို ရိုက်နှက်ပြီး
ရှင် အိပ်သွားပြီဆိုရင် ကျွန်မ အိမ်သာတစ်ခုလုံး ကြွေခွက်ပါမကျန်
တိုက်ချွတ်ဆေးကြောပြစ်လိုက်တာ
ပဲ”
ဖိုးသိန်း “အဲဒီလိုလုပ်တာနဲ့ မင်းကစိတ်ပြေသွားရေလား”
ကျင်စိန် “ပြေတာပေါ့ရှင့်၊ ကျွန်မအိမ်သာတိုက်တာ ရှင့်သွားပွတ်တံနဲ့လေ”


တစ်ပါတ်အတွင်း သတင်း အခြေအနေများကိုတင်ပြသွားမှာဖြစ်ပါတယ်။

(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင် ယမန်နေ့ညနေက
ပေါက်ကွဲအားအသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာ
အနီးတ၀ှိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။
(စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာ
ပွဲချင်းပြီးသေဆုံးသွားခြင်ြးေ ကာင့်ဖြစ်၏)အနီးတ၀ိုက်တွင် သွေးသံရဲရဲဖြင့်
ပေါင်တစ်ဖက်ပြတ်နေသည်ဟုယူဆပြီး ထောက်လှမ်းရေးမှ
အပူတပြင်းစစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်း မှ အချဉ်တို့ထားသော
ကြက်ပေါင်တစ်ချောင်းဖြစ်ကြောင်း သိရှိရသည်။ထိုကြက်ပေါင်အား
အတွင်းရေးမှူး(၁)်မှ မိန်းမစားရန်အလို့ငှာ သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။


(၂) သဘာပတိနှင့် အဖွဲ့သည် မနေ့ည၁၀ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်
မော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှူအခြေအနေများကို အငမ်းမရ
သွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို
မှာစားခဲ့သည်။


(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့
ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိ
ရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပွိုင့်ထောင့်တွင်
ပလက်ဖောင်း ဟိုဘက်ဒီဘက်ကိုဆက်သွယ်သော နှစ်ပေခန့်မြင့်သည့်
မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန့်ကုန်ကျငွေမှာ
အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ
အသုံးပြုကျခံသွားမည်ဖြစ်သည်။


(၄) အတွင်းရေမှူး ၁ ဗိုလ်ချုပ်ဗီလိန်သည် အစိုးရမော်တော်ယာဉ်မသုံးရနေ့ ဖြစ်သော
လွန်ခဲ့သောသောကြာနေ့က မော်တော်ယာဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်း
ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့သည်။


(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ
စီအန်ဂျီကားများသည် လောင်စာဆီ စားရိတ်သက်သာသော်လည်း
အသုဘ စရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။


(၆) လွန်ခဲ့သောလ က မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များ
ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်ကအ၀တ်အထည်ဟုယူဆရသော အ၀တ်ထည်ကို
ေ၇ှးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ယမန်နေ့က သဘာပတိသည် သူ၏
ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ၎င်းအ၀တ်ထည်ကို ပြတိုက်မှ
ပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။


(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့ အတွက်
ဝမ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက်
ဝမ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင်း ပို့ဆောင်မိသဖြင့်
နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။


(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီ်းသည် မူလတန်းသင်ရိုးညွှန်းတမ်းများတွ င်
ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက် အပေါတကာ့အပေါဆုံး သင်ခန်းစာများ
ထည့်သွင်းသွားမည်ဟုသိရသည်။ အင်္ဂ်လိပ်စာ ပိုမိုတတ်မြောက်စေရေးအတွက်လည်း
အင်္ဂလိပ်စာများကို မြန်မာစာများဖြင့်ညပ်၍ သင်ကြားသွားမည်ဟုသိရသည်
။ဥပမာအားဖြင့် မမ Fat Fat ထထ Dance ၊ အကမှာ First ၊ Dance ပါ Dance ပါ
မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fat ထထ Dance….
အစရှိသောကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။
တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။

အအို ၊ အအို ၊ အပြို’

မိန်းကလေး သုံးယောက် ကျောင်းသွားတက်ရာ လမ်းခုလတ်က အိမ် တအိမ်တွင်
ကြက်တူရွေးတစ်ကောင်မွေးထားသည်။ ထိုကြက်တူရွေးသည် ထိုမိန်းကလေး သုံးယောက်
အိမ်ရှေ.ဖြတ်သွားတိုင်း အရောင်၃ ရောင် ကို ရွက်သည်။
နေ.တိုင်းရွတ် နေတော့ မိန်းကလေး သုံးယောက်လဲ သတိထားမိလာသည်။ တနေ. တွင်
သေချာနားထောင်ကြည့်လိုက်ရာ ‘အ၀ါ၊ အနီ၊ အနက်’ လို. ရွတ်နေသည် ကို
ကြားမိလိုက်သည်။
မိန်းကလေး တစ်ယောက်က သွားစဉ်းစားမိသည်မှာ ဒီအရောင်ဟာ သူမရဲ. အတွင်းခံ
ဘောင်းဘီ အရောင် ပါလား လို. သဘောပေါက်လာပြီး ကျန်နှစ်ယောက် ကို
ပြောပြသည်။ဒါပေမယ့် လက်ခံ ဖို. အင်တင်တင်ဖြစ်နေကြသေးသည်။
ဒါနဲ.နောက်တနေ. သုံးယောက်လုံး အနက်ရောင် အတွင်းခံ ဘောင်းဘီ ကိုယ်စီ
ဝတ်ဆင်ခဲ့ရာမှာ ထိုကြက်တူရွေး က ‘အနက်၊ အနက်၊ အနက်’ လို.ရွတ် သဖြင့်
အင်မတန်အံ့အားသင့် ခဲ့ပြန်သည်။
ထိုအခါ မိန်းကလေးတစ်ယောက် က ‘ဟေ့ ငါ့တို. မနက်ဖြန် ဒီကြက်တူရွေး ကို
ပညာပြရအောင်’ ဟုဆို ကာ သုံးယောက်လုံး အတွင်းခံ ဘောင်းဘီ မ၀တ်ပဲ
ထွက်လာကြသည်။
ထိုနေ.တွင် ကြက်တူရွေး က ထိုသုံးယောက်ကို မြင်တော့ အနည်းငယ် ထွေသွားပြီး
ဦးခေါင်းကို ခါယမ်းခါ ၍ ခဏတာ စဉ်းစား အပြီး ဟောဒီလို
ရွတ်လိုက်ပါတော့သည်။ ‘အအို ၊ အအို ၊ အပြို’


မိန်းမများနှင့်တူသော အားကစား

အသက် 15 & 20 ကြား ဘောလုံး (22 ယောက် ၀ိုင်းလုသည်)
အသက် 20 & 25 ကြား ဘတ်စကတ်ဘော (12 ယောက်ဝိုင်းလုသည်)
အသက် 25 & 30 ကြား စားပွဲတင် တင်းနစ် (2 ယောက်သာကျန်သည် ဟိုဖက်ပုတ်ထုတ်
ဒီဖက်ပုတ်ထုတ်)
အသက် 30 & over ဂေါက်သီး (ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြ သည်)


သားလိမ္မာ

A ၊ ကျနော်.မှာ အရမ်းကိုလိမ္မာတဲ.သားတစ်ယောက်ရှိတယ်
B ၊ ခင်ဗျားသား ဆေးလိပ်သောက်လား
A ၊ မသောက်ဖူးဗျ
B ၊ ယမကာတွေရောသောက်တတ်လား
A ၊ နိုး
B ၊ ညဥ့်နက် သန်းခေါင်မှ အမြဲအိမ်ပြန်လာလေ့ရှိလား
A ၊ မရှိဖူးဗျ
B ၊ ခင်ဗျား ကံကောင်းတာပေါ.။ ဒီအတိုင်းဆိုရင် ခင်ဗျားမှာတကယ့်ကို
လိမ္မာတဲ့သားတစ်ယောက်ရှိနေပြီလို. ဆိုနိုင်ပါတယ်၊ နေပါဦး၊ သူ.အသက်
ဘယ်လောက်ရှိပြီလဲဗျ။
A ၊ လာမယ့် ဗုဒ္ဓဟူးနေ.ဆို ဒီကောင့်အသက် ခြောက်လတင်းတင်းပြည့်ပြီ


ဂရုစိုက်ခြင်း


ရုပ်ရှင်ရုံထဲတွင် အမျိုးသား နှင့် အမျိုးသမီး ထိုင်နေကြသည် ။အမျိုးသားက
နားနားကပ်၍ တိုးတိုးလေး မေးလိုက်တယ်
“ခင် ၊ ကောင်းကောင်း မြင်ရရဲ့ လားဟင်”
“ကောင်းကောင်းကော ကြားရရဲ့ လားကွယ်”
“ကောင်းကောင်းကြားရပါတယ် မောင်ရဲ့ ”
“ထိုင်ရတာ သက်တောင့်သက်သာ ရှိရဲ့ လား ခင်”
“သက်တောင့် သက်သာလည်း ရှိပါတယ် မောင်”
“အဲဒါဆိုလာ နေရာချင်း လဲထိုင်ကြရအောင်နော်”


ကိုယ်တွေ့ ကြုံမှ

အရက်ကြောင့်မကြာခဏ ထိပ်ပေါက်ခေါင်းကွဲ ဖြစ် ရောဂါပေါင်းစုံရ
ဆရာဝန်ကဖြတ်ခိုင်းတာကိုပဲရောဂါဖြစ်နေတုန်းခဏနားပြီး ပြန်ပြန်
သောက်နေတဲ့  ကိုပေတလူဟာ တကယ်အရက်ပြတ်သွားတယ်။
ဒီတော့ဆရာဝန်က……
ကိုပေတလူ ခင်ဗျား ကျုပ်ဖြတ်ဖို့ ပြောတုန်းကတော့ အရက်မဖြတ်ပဲနဲ့ 
ခုဘယ်လိုလုပ်အရက်ပြတ်သွားတာလဲ
ကျွန်တော် မူးပြီး ယောက္ခမကြီးကို လေသေနတ်နဲ့ ပစ်မိလို့ ဆရာ
ယောက္ခမကြီးဘာဖြစ်သွားသေးလဲ
ကျွန်တော့ကမူးနေတော့ဘယ်မှန်မလဲဆရာ။ အဲဒါနဲ့ ဖြတ်လိုက်တာပါ။



သည်လိုငါ.သား

ကလေး: ဖေဖေ၊ သားကို ဘယ်လိုမွေးလာတာလဲဟင်
ဖခင် ၊   အေး၊ ငါ.သား။ မင်းတစ်နေ.နေ.မှာသည်လိုမေးမှာပဲလို.
            ငါတွက်ထားတာကွ၊ဒီလိုကွာ။ မင်းအမေနဲ.ဖေဖေ chat room မှာ chattingလုပ်ရင်းသိခဲ့ကြတယ်။
            နောက်  cybercafeဆိုင်တွေကနေ email တွေအပြန်အလှန်ပို.ကြတယ်၊
             ဒီလိုနဲ.နောက်ဆုံးမင်းအမေက ဖေဖေ.ကို download လုပ်နိုင်တယ်လို.
           ခွင့်ပြူတယ်။ သူကလည်းဖေဖေ.ကို uploaded ပြန်လုပ်တယ်၊
           ဖေဖေတို.နှစ်ယောက်လုံး firewall ချမထားမိဖူး၊ ပြီးတော့ delete button
           ကိုလည်းမနှိပ်မိဖူး၊ နောက် ကိုးလကြာတော. မင်းကိုရလာတာပေါ.၊
           အဲသည်အချိန်ကvirous အကိုက်မခံလိုက်ရတာလည်းပါတာပေါ.၊ current ကလည်းလုံးဝမှန်နေခဲ.တာ၊
           မင်းကံကောင်းတယ်ငါ.သား၊



မမူးဘူးဆို

အလုပ်ရှင်။ ။ မင်းဘာလို့ မနက်အစောကြီးအရက်သောက်လာရတာလဲ
အလုပ်သမား။ ။ မနေ့ ညကသောက်တာပါဆရာ။ ကျွန်တော်အလုပ်လာခါနီးသောက်လာတာမဟုတ်ပါဘူး
အလုပ်ရှင်။ ။ ဘာပဲပြောပြော ခုကို မူးနေတာမဟုတ်လား
အလုပ်သမား။ ။ မူးပေမယ့်သတိရှိပါတယ်ဆရာ
အလုပ်ရှင်။ ။ သတိရှိတယ်ဆိုရင် ဘာလို့ လာရတာလဲကွ။ ဒီနေ့ အလုပ်ပိတ်ရက်ဆိုတာသိရမှာ


မကောင်းတာက

အရက်စွဲစွဲ မြဲမြဲသောက်နေတဲ့ လူနာကို ဆရာဝန်က…..
“ခင်ဗျား အရက်သောက်လာတာ ဘယ်လောက်ကြာပြီလဲ”
“နှစ်သုံးဆယ်”
“နှစ်သုံးဆယ်အတွေ့ အကြုံထဲကနေ အရက်ရဲ့ မကောင်းပုံလေး တစ်ခု လောက်

ပြောပြပါလား။စွဲစွဲမြဲမြဲ သောက်နေတဲ့ လူတစ်ယောက်ပြောပြတဲ့ အရက်ရဲ
့မကောင်းတဲ့ အကြောင်း
ကိုသိချင်လို့ ”
အရက်သမားက တော်တော်ကြာကြာစဉ်းစားလိုက်ပြီး
“၀ယ်သောက်ရတာ”


အမေးနှင့် အမေး


‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’
‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’


သတိပေးနေလို့


‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’
‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’
‘‘ ကျောင်းရှိသည်ဖြေးဖြေး’’တဲ့။



အံကျပဲ…..

” မင်းကအန်တီ့သမီးကို ကြိုက်လို့ဆို ”
” ဟုတ်ပါတယ်ခင်ဗျာ ”
” ပြောရမှာတော့အားနာပါရဲ့၊ အိမ်ထောင်တခုတည်ဆောက်တယ်ဆိုတာ
စိတ်ချမ်းသာဖို့လိုအပ်သလို လူချမ်းသာ ဖို့ကလဲအရေးကြီးတယ်ကွယ့်၊
၂မျိုးလုံးပြည့်စုံမှ အိမ်ထောင်ရေးဆိုတာ သာယာမှာ ”
” အန်တီတို့ဘက်က လူချမ်းသာပြီးသားဆိုတော့ ကျွန်တော့ဘက်က
စိတ်ချမ်းသာဖို့တာဝန်ယူပါ့မယ်ခင်ဗျာ… ”

စနစ်တကျအသုံးပြုနည်း
” မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊
ဘယ်လိုဖြစ်တာရတာလဲ ”
” အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့
ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို
ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား ”


သမက်ရဲ့ မေတ္တာ


မိန်းမကယောကျာင်္းကိုမေးသည်။
” မောင်ရေ မောင်ဝယ်လာတဲ့ အသက်၁၀၀ ပြည့်အောင်နေနည်း စာအုပ်ကို
ကျမဘယ်လိုမှရှာမတွေ့ပါလား။ဘယ်မှာထားသလဲဟင်”
“ငါ လွှင့်ပစ်လိုက်တယ်”
“ဘာဖြစ်လို့လဲ”
“မင်း အမေ ဖတ်နေတာတွေ့လို့ဟေ့”


ဓာတ်ကြီး လေးပါး

‘‘ သဘာဝ လောကကြီး ကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဓာတ်ကြီး လေပါးကို
ပြောစမ်း။’’
‘‘ မြေ-လေ-မီး…ပြီးတော့…ပြီးတော့…’’
‘‘ မင်းလက်ကို သန်ရှင်းအောင် ဘာကိုသုံးရသလဲ။’’
‘‘ ဆပ်ပြာပါ ဆရာ ’’



ဆက်သွယ်လိုလျှင်

‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။
အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’
‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’

မှန်တော့မှန်ပါရဲ့
‘‘ နာမ် ’’တစ်ခုကိုပြောပါ။
‘‘ နွား ’’ ပါဆရာ။
‘‘ မှန်တယ်၊ ကဲ…နောက်တစ်ယောက်ပြောပါဦး။’’
‘‘ နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။’’


စီအေတီ

‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’
‘‘ မသိဘူးခင်ဗျ။’’
‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’
‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။’’

အရက် ၏ဆိုးကျိုးများ

 Chemistry ဆရာမက အရက် ၏ဆိုးကျိုးများကို လက်တွေ့ ပြသပီးဆုံးမရန် အကြံရသည်။
ထို့ကြောင့် ဆရာမက ရေ တစ်တစ်ခွက် ဝီစကီ ခွက် ကို အတန်းရှေ့တွင် ချထားလိုက်သည်။
ထို့နောက် ဆရာမက ပိုးကောင် ၂ ကောင် ကိုယူလာပီး တစ်ကောင်ကိုရေထဲထဲ့လိုက်သည်။
ပိုးကောင်လေးက ရေထဲတွင် ပျော်ရွှင်စွာကူးခတ်နေသည် ။
ဆရာမကနောက်ပိုးကောင် လေးကို ဝီစကီခွက်ထဲ ထဲ့လိုက်သည်။
ပိုးကောင်လေး ချက်ချင်းသေသွားသည်။ ထို့နောက်ဆရာမက ကျောင်းသားများကိုကြည့်ပီး..
“ကဲ.. ကလေးတို့ ဒါကိုကြည့်ခြင်းအားဖြင့် ဘာသင်ခန်းစာ ရသလဲ “
နောက်ဆုံးတန်းတွင်ထိုင်နေသော ကျောင်းသားတစ်ယောက်က ဝမ်:သာအားရထဖြေသည်။
“ဝီစကီကိုသောက်သုံးခြင်းဖြင့် ကျွန်တော်တို့ခန္ဓာ ကိုယ်ထဲကို ပိုးမွှား တွေ
မဝင်အောင် ကာကွယ်နိုင်ပါတယ် ဆရာမ..”



အထင်နဲ့အမြင်

” ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား ”
” ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊
ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး ”
” ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ ”
ရှောင်တခင်စစ်ဆေးခြင်း
အလုပ်ရှင်တယောက်ဟာသူ့ဂိုဒေါင်ကအလုပ်သမားတွေအလုပ်၊လုပ်မလုပ်သိရအောင်
ရှောင်တခင်စစ်ဆေးဖို့လာခဲ့ပါသတဲ့။
ဂိုဒေါင်ကိုရောက်ရောက်ချင်းပါပဲ၊ဂိုဒေါင်ဘေးကအရိပ်အောက်မှာဂိုဒေါင်ကိုမှီပြီးအိပ်နေတဲ့
အလုပ်သမားတရောက်ကိုတွေ့လို့ဒေါပွသွားလို့၊နှိုးလိုက်ပြီး”ဟေ့ကောင် မင်းရဲ့တပတ်လုပ်စာ
ဘယ်လောက်လဲ”လို့မေးလိုက်တယ်။
ဟိုအိပ်နေတဲ့ကောင်ကလဲအိပ်ချင်မူးတူးနဲ့ “၁၀၀ဒေါ်လာ”ပါခင်ဗျာလို့ဖြေတယ်။
အဲဒါနဲ့ဒေါပွနေတဲ့သဌေးက၂၀တန်ငါးရွက် (ဒေါ်လာ၁၀၀) ထုတ်ပေးလိုက်ပြီး “မင်းထွက်သွား    နောက်ဘယ်တော့မှမလာနဲ့တော့”လို့ပြောလိုက်တယ်။
ဟိုကောင်ကလဲဘာမှမပြောပဲအိပ်ထဲပိုက်ဆံလေးထဲ့ပြီးထွက်သွားတယ်လေ။
အနားမှာကြောင်ပြီးကြည့်နေတဲ့ဂိုဒေါင်မန်နေဂျာကိုအလုပ်ရှင်က”ပြောစမ်း  ဒီကောင်ဒီမှာလုပ်တာကြာပီလား”

လို့လဲမေးလိုက်ရော၊
မန်နေဂျာ ဖြေလိုက်တာက “သူက ပစ္စည်းလာပို့တဲ့ကောင်လေးပါဆရာ” တဲ့ဗျား။

အဝတ်ဗီရိုရဲ့အစောင့်
လူနာရှင်။    ။ကျနော့မိန်းမစိတ်ရောဂါရှိနေလို့ပါဆရာ၊သူ့အဝတ်အစားတွေအခိုးခံရလိမ့်မယ်ဆိုပြီး
အရမ်းစိုးရိမ်နေရှာတယ်ခင်ဗျ။
ဆရာဝန်။     ။ဘယ်လိုဖြစ်လို့လဲ၊ခင်ဗျားကရောဘယ်လိုလုပ်သိတာလဲ?
လူနာရှင်။      ။ဒီလိုပါဆရာ၊တနေ့ကကျနော်အိမ်ကိုခါတိုင်းထက်၂နာရီစောပြီးပြန်ရောက်လာပါတယ်။
အဲဒီအချိန်မှာကျနော်မိန်းမနဲကျနော့တိုရဲ့အိပ်ခန်းထဲကဗီရိုဘေးမှာယောက်ကျားတယောက်ကိုတွေ့ပါတယ်။ကျနော့မိန်းမကိုမေးကြည့်လိုက်တော့အဲဒီလူကကျနော်မိန်းမသူရဲ့အဝတ်အစားတွေခိုးမှာစိုး လို့စောင့်ခိုင်းထားတဲ့အစောင့်ပါတဲ့ဆရာ၊ကျနော့မိန်းမကိုကုပေးပါအုန်းဗျာ။

မစောင့်ရတော့ပါဘူး

စားစရာတွေမှာထားပြီးအချိန်တော်တော်ကြာအောင်စောင့်နေရလို့စိတ်မရှည်တော့တဲ့ဧည့်သည်က
“ဟေ့ စားပွဲထိုး ငါဘယ်လောက်ထပ်စောင့်ရအုန်းမှာလဲကွ” လို့ဒေါသတကြီးအော်မေးလိုက်တယ်။
စားပွဲထိုးကခုလိုပြန်ဖြေပါတယ်၊

“မစောင့်ရတော့ပါဘူးဆရာ၊ကျနော်တို့ဆိုင်ကကိုးနာရီဆိုပိတ်ပါတယ်၊ခုကိုးနာရီထိုးဖို့၁မိနစ်တောင်မလိုတော့ဘူးဆိုတော့ဆရာမစောင့်ရတော့ပါဘူး”
ဟူသတတ်။

သူလိမ်ကိုယ်လိမ်


အမျိုးသားတယောက်နှင့်အတူထိုင်နေရာမှအမျိုးသမီးကဖုန်းလာသဖြင့်ထိုင်ရာမှထသွားပြီးကိုင်လိုက်သည်။
စကားအနည်းငယ်ပြောပြီးပြန်လာထိုင်သောအမျိုးသမီးကိုအမျိုးသားကမေးသည်၊”ဘယ်က ဖုန်းလဲ”

အမျိုးသမီးက
“ကျမ ယောက်ျား”

အမျိုးသားက
“ဟေ ဒါဆို ငါပြန်ရင်ကောင်းမလား၊သူ အခု ဘယ်မှာလဲ”

အမျိုးသမီးက
“အေးအေးဆေးပါ၊ သူကပြောတယ်၊ သူကရှင်နဲ့ မြို့ထဲမှာအခုအတူရှိနေပြီး၊  ပိုကာဒေါင်းနေလို့ဒီညပြန်မအိပ်ဘူးဆိုပဲ”

ကလေးလိုချင်ရင်တောင်အိုကေဆိုပဲ


(ဆိုဗီယက်တို့ကိုလှောင်သောဟာသလေးပါ)
ဆိုဗီခေါင်းဆောင်တယောက်အမေရိကကပြန်လာပြီးခုလိုမိန့်ခွန်းချွေပါသတဲ့။
ကျနော်တို့ဘာမှမထုတ်တော့ဘူး၊ဘာမှလဲလုပ်စရာမလိုတော့ဘူး၊အကုန်အမေရိကကသွင်းမယ်ဗျာ။
စဉ်းစားကြည့်ဗျာကျနော်အမေရိကမှာစတိုးဆိုင်မှာ
ဈေးသွားဝယ်တယ်၊ဘာတွေ့လဲဆိုတော့နှို့မှုန့်(powdered milk)တဲ့ရေ/ရေနွေးထဲ့ပြီးဖျော်လိုက်ရုံနဲ့နွားနို့ဖြစ်တယ်။
လိမ္မော်ရည်အမှုန့်(powdered orange juice)တဲ့၊ရေထဲ့ရုံပဲလိမ္မော်ရည်ဖြစ်ကရော။

အဲဒီလိုအမှုန့်တွေအများကြီးဗျ။
နောက်ဆုံးတွေ့ရတဲ့အမှုန့်ကတော့လွန်တယ်ဗျာ၊
….ဘေဘီပေါင်ဒါတဲ့။
ဟူး………..ဘယ်လိုတိုင်းပြည်လဲဗျာ။

တိုမှာပေါ့


အကခန်းမတခုတွင်ဖြစ်သည်။
အသက်ကြီးကြီးယောက်ျားတယောက်ကငယ်ငယ်ချောချောကောင်မလေးတယောက်ကိုမကြေမနပ်ပြောနေသည်။
“မင်းနဲ့တွဲ က လိုက် တိုင်း မြူးဇဇ်ကအချိန်တိုလွန်းတယ်ကွာ၊ခဏလေးခဏလေးနဲ့ပြီးပြီးသွားတယ်ကွာ၊ဘာဖြစ်တာလဲ”
ကောင်မလေးကပြန်ပြောလိုက်တာက
“တိုမှာပေါ့၊အဲဒီမြူးဇဇ်ကိုတီးနေတဲ့မြူးဇဇ်ရှင်က ကျမရီးစားလေ” ပါတဲ့။

စိတ်ကူးယဉ်ဆိုတော့လဲ


လေ့ကျင့်ရေးစခန်းတွင်ဖြစ်သည်။
ဗိုလ်ကြီး။   ။ဟေ့ တပ်ကြပ် စိတ်ကူးနဲ့ပေါ့ကွာ၊ ရန်သူရုတ်တရက်တက်လာပီဆိုပါတော့၊မင်းဘာလုပ်မလဲ?
ငါအမိန့်ပေးကြည့်မယ်၊ “ရန်သူ၊နေရာယူ”
တပ်ကြပ်ကဘေးသို့ခြေနှစ်လှမ်းသာလှမ်းကာပုံမှန်ရပ်နေသဖြင့် ဒေါပွကာမျက်နှာနီသွားသောဗိုလ်ကြီးက
“ဟေ့ကောင် ဘာလုပ်တာလဲ”လို့အော်လိုက်ပါတယ်။
တပ်ကြပ်။    ။ကျနော့စိတ်ကူးထဲကသစ်ပင်အကြီးကြီးဘေးမှာကပ်နေတာပါဗိုလ်ကြီး။

ကျွန်တော့ မိန်းမပျောက်သွားလို.


အမျိုးသားတစ်ယောက် သူ.မိန်းမ ပျောက်သွားသဖြင့်ရဲစခန်းသို.သွား ၍ အမူဖွင့်စဉ်
အမျိုးသား – ကျွန်တော့မိန်းမ ပျောက်သွားလို.ပါ။
ရဲ – သူမ အရပ်ဘယ်လောက်မြင့်လဲ။
အမျိုးသား – သတိမထားမိဘူး။
ရဲ – ၀လား ပိန်လား၊ ကျန်းမာရေးကောင်း သလား။
အမျိုးသား – သိပ်တော့ မပိန်ဘူး၊ ကျန်းမာမယ်ထင်တယ်။
ရဲ – မျက်လုံးက ဘာအရောင်လဲ။
အမျိုးသား – ကောင်းကောင်းကြီး သတိမထားမိဘူး။
ရဲ – ဆံပင် အရောင်ကကော။
အမျိုးသား – ခေတ်လိုက်ပြီး ပြောင်းနေတယ်။
ရဲ – သူမ ဘာဝတ်ထားလဲ။
အမျိုးသား – အတိအကျ မမှတ်မိဘူး။
ရဲ – သူမနဲ.အတူ ဘယ်သူပါသွားသေးလဲ။

အမျိုးသား – ကျွန်တော့ အရမ်းချစ်တဲ့ Labrador ခွေးလေးပါသွားတယ်။ သူ.ကို
ရွှေချိန်းကြိုး လေး တပ်ပေးထားတာ၊ အမြင့် က ၃၀ လက်မလောက်ရှိတယ်။
ကျန်းမာတယ်၊ မျက်လုံးအပြာရောင်၊ အညိုရောင် အမွှေးနဲ.၊ နောက်ပြီး သူ.ဘယ်ဘက်
လက်ရဲ. လက်မမှာ လက်သည်းက နည်းနည်း ကျိုးနေတာ၊ သူက လူတွေကို လုံးဝ
မဟောင်ဘူး၊ သူက အသီးအရွက်မကြိုက်ဘူး၊ သူနဲ. အတူစား၊ အတူသွား၊ အတူအိပ်၊
အတူ ဆော့ ခဲ့ ကြတာ ဗျ။
ဟုပြောကာ စတင်ငိုကြွေးပါတော့သည်။ ထိုအခါရဲက
ရဲ – အိုကေ။ဒါဆို ခင်ဗျားခွေးကို အရင်ရှာကြတာပေါ့။

Source: Reader’s Digest Best Jokes (10 July 2010~23 Sept 2011)
မာစတာကီး
စကားဝိုင်း တစ်ခုမှာ အမျိုးသမီး တစ်ယောက်က ပြောတယ်
ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ **“**ယောက်ျားကောင်း
မောင်းမတစ်ထောင်**”**တဲ့။ မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ
ပိုအိပ်မိရင်တော့ မကောင်းတဲ့ မိန်းမ။ ကြေးစားမတဲ့။ အတော်လည်း မတရားတာပဲ။
မိန်းမတွေကိုဆိုရင် နှိမ်ချင်ကြတာပဲ။

အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။

ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။ သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ရင်
**“**မာစတာကီး**”**လို့ ခေါ်တယ်လေ။ သော့ခလောက်
တစ်ခုကို ဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရတဲ့ သော့ခလောက် ဖြစ်သွားမှာပေါ့....
မေးသမျှ ပြန်ဖြေနေလို့…
အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။
ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။
"ဟေ့လူ. နေကောင်းလား…"
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။
မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.
"ကောင်းပါတယ်. ကျေးဇူး"
အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး.
အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။
"ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ."
ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို
ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ….
စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။
"ခင်ဗျားလိုပဲပေါ့ဗျာ."
ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။
ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။
"ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား"
ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ…
ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့်
ပြန်ဖြေလိုက်သည်။
"မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ.."
ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။
"နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို
နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့…."

တောသားလူလည်
ရထားရိုးရိုးတန်းတွင်တောသားတစ်ယောက်ရယ်.မြောက်ကြွမြောက်ကြွဖြစ်နေတဲ့

မြို့ကြီးသားတစ်ယောက်ရယ် အခြားတဖက်တွင် အဘွားကြီးတယောက်ရယ် အရမ်းချောသော ကောင်မလေးတယောက်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြ လေသည်..

လှိုင်ခေါင်းတခုထဲရထားဖြတ်သွားချိန်တွင် ရထားထဲ၌် မှောင်သွားလေသည်.. ထိုအချိန်တွင် ‘ရွှတ’် ဆိုသော ပါးနမ်းသံနဲ့ ‘ဖြန်း’ ဆိုတော့ ပါးရိုက်သံတို့ကို တဆက်တည်း ကြားရပီး ခဏတာ ငြိမ်သွားလေသည်..

ထို့နောက် ရထားပေါ် အလင်းရောင်ရလာသောအခါ

အဘွားကြီးတွေးပုံမှာ “ဒီကောင်မလေး ငါ့သမီးဖြစ်ရင် ကောင်းမှာပဲ.. ဟိုနှာဘူး ၂ ကောင်ထဲမှ ၁ ကောင်ကောင်က ကောင်မလေးကို နမ်းလိုက်တော့ ကောင်မလေးက ပါးကိုပြန်ရိုက်လိုက်တာ ဖြန်းခနဲ နေတာပဲ”

ကောင်မလေးတွေးပုံမှာ “ဟိဟိ.. ဟို ငနာ၂ကောင်ထဲက ၁ကောင်ကောင်က အမှောင်ထဲမှာ ငါမှတ်ပီးတော့ အဘွားကြီးကို မှားနမ်းတာ အဘွားကြီး လက်စာမိသွားတယ်”

ခပ်ထောင်ထောင် မြို့ကြီးသားမှ သူ့ပါးသူပွတ်ရွေ့ တွေးပုံမှာ “ဟိုတောသား ပါးနမ်းတာက ကောင်မလေးက ငါ့ကိုမှားပီးရိုက်ရတယ်လို့”

တောသားကပြုံးကာ တွေးပုံမှာ “ဟဲဟဲ တော်တော် တော်တဲ့ငါပဲ.. ငါ့လက်ဖ၀ါး ငါနမ်းပီးတော့ ဘေးကကောင်ကို ဘေးကကောင်ကို အမြင်ကတ်ကတ်နဲ့ ရိုက်လိုက်တာ တော်တော်အရသာရှိတာပဲ…”

 သက်သေခံပစ္စည်း

ရေကန်ကြီးတခုတည်းထဲတွင် ငါးဖမ်းကိရိယာအစုံပါသော ငါးဖမ်းလှေ လေးတစင်းဟာ အရိပ်ကောင်းသောနေရာတွင်ရပ်ထားလေသည်.. ၎င်းလှေပေါ်၌ အမျိုးသမီးတယောက်သည် စာအုပ်တအုပ်ကို
စိတ်ဝင်တစား ဖတ်နေလေသည်.. လေအဝှေ့ကြောင့် လှေလေးသည် ကမ်းနှင့် တဖြည်းဖြည်းကွာရွေ့ ငါးမဖမ်းရ နယ်မြေတွင်းသို့ ၀င်ရောက်လာသည်.. ထိုအချိန်တွင် ကန်စောင့်ရဲလှေတစင်းရောက်လာရွေ့…

ကန်စောင့်ရဲ - ငါးမဖမ်းရ နယ်မြေထဲမှာ ငါးဖမ်းတဲ့အတွက် မင်းကိုတရားစွဲမယ်

အမျိုးသမီး - ကျွန်မ ငါးဖမ်းတာမဟုတ်ဘူး စာဖတ်နေတာ မမြင်ဘူးလား..

ကန်စောင့်ရဲ- ခင်ဗျားမှာ ငါးဖမ်းပစ္စည်း သက်သေအကုန်ပါတယ်.. မငြင်းပါနဲ့..

အမျိုးသမီး - ဒီလိုဆိုရင် ရှင်ကျွန်မကို အဓမ္မကျင့်တယ်လို့ တရားပြန်စွဲမယ်

ကန်စောင့်ရဲ - ဘာဖြစ်လို့လဲ
အမျိုးသမီး - ရှင့်မှာလဲ သက်သေခံပစ္စည်းအကုန်ပါတာပဲ
အော်.. ဖြစ်ရလေ
တောမှ အမျိုးသမီးကြီးတယောက်သည် ရုပ်ရှင်ရုံလက်မှတ်စစ်ကို
ပါးရိုက်သော အမှုနှင့် ရန်ကုန် မြို့နယ်တရားရုံးသို့ ရောက်ရှိလာသည်..

တရားခွင်တွင်..

တရားသူကြီး - အဒေါ်ကြီး ဘာ့လို.ဒီလူကို ပါးရိုက်ရတာလဲ..

အမျိုးသမီးကြီး - တရားသူကြီးမင်းရှင့်..

သူက လက်မှတ်ပြခိုင်းလို.

ကျွန်မက လက်မှတ်ကို ကောင်းကောင်းမွန်မွန်ပြပါတယ်၊

ဒါပေမယ်.သူက ကျွန်မလက်မှတ်ကို ဆွဲဖြဲပစ်တယ်လေ..




ပူသေးလို့

စိတ္တဇဆေးရုံတွင် မနက်တိုင်းကျန်းမာရေးတိုးတက်မှုရှိမရှိ ဆရာဝန်ကြီးက လူနာများကို စမ်းသပ်လေ့ရှိသည်..
တမနက်ခင်းတွင် ဇွန်း ခက်ရင်း တစုံပါသော ပန်ကန်းပြားအလွတ်တချပ်စီကို လူနာတယောက်စီရှေ့၌ ချပေးထားသည်..
ထိုအခါ လူနာများသည် စားစရာမပါသော ပန်ကန်ပြားထဲသို့ ဇွန်း ခက်ရင်းနဲ့နှိုက်ကာ အားပါးတရ စားကြလေသည်..
ဆရာဝန်ကြီးသည် ကျန်းမာရေးတိုးတက်မှု မရှိကြောင်းတွေ့ရသောကြောင့် စိတ်ညစ်သွားသည်..
သို့သော် လူနာတစ်ယောက်သည် မစားပဲ ပန်းကန်ပြားကို စိုက်ရွေ့ ကြည့်နေလေသည်..
ကျန်းမာရေးတိုးတက်နေသည်ဟုထင်ရသော ထိုလူနာအား ဆရာဝန်ကြီးက -'ဟေ့ကောင် မင်းဘာ့ကြောင့်မစားတာလဲ'
လူနာ- "ပူသေးလို့"


မဟုတ်တဲ့နေရာက ကြီးနေတယ်

မင်္ဂလာဦးည လွန်မြောက်ပြီး ဇနီးမောင်နှံ ၂ယောက် . .ယောက်ျားဖြစ်သူအတွက်
ဖိနပ်ဝယ်ထွက်ကြသည်။
ဖိနပ်ဆိုင်တွင် အရောင်းဝန်ထမ်းက နံပါတ် ၄၅ ယူလာသည် ။ လူငယ်စီးကြည့်သည် ။
အလွန်ငယ်နေသည်။
နံပါတ်၄၆၊ ထို့နောက် ၄၇ မတော်ပါ ဖိနပ်မှာ ငယ်နေသည်။
"ကျွန်မတို့ဆိုင်မှာ ဒိထက်ကြီးတဲ့ နံပါတ်မရှိတော့ဘူးရှင့်"
စိတ်ပျက်လက်ပျက်ထွက်လာကြရင်း ဇနီးဖြစ်သူကပြောသည် . .
"ဘယ်လိုမှမတတ်နိုင်ဘူး ရှင့်ခြေထောက်တွေက ကြီးလွန်းတာကိုး"
"အေးကွာ ငါကတောသားကိုး ဖိနပ်မပါပဲ လမ်းလျှောက်ထွက်တာများလို့ ခြေထောက်တွေ
တဖြည်းဖြည်းကြီးလာတယ်ထင်တယ်"
"ရှင် ဘောင်းဘီမ၀တ်ပဲလျှောက်ရင် ပိုတောင်ကောင်းဦးမယ်"
ဆေးသေတ္တာကို ဖွင့်လို့မရသေးလို့
ကိုယ်ဝန်အရင့်အမာနှင့် မိန်းမဖြစ်သူ အလွန်အမင်း ဗိုက်နာနေသည့်အတွက် ယောက်ျားဖြစ်သူက ဆရာဝန်ကို အသည်းအသန် ဖုန်းဆက်ခေါ်သည်။
ဆရာဝန်မကြီးရောက်လာပြီးနောက်-
"လူနာရော"
"အခန်းထဲမှာ"
"ရှင် အပြင်မှာပဲနေနော်၊ အခန်းထဲဝင်မလာနဲ့"
"ဟုတ်ကဲ့"
ခဏကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး ယောက်ျားဖြစ်သူကို လှမ်းပြောတယ်။
"၀က်အူလှည့်ရှိရင် အမြန်ပေးပါ"
"ဟုတ်ကဲ့"
ယောက်ျားဖြစ်သူက ယူပေးလိုက်တယ်။ ဆရာမကြီးဝင်သွားပြီး ခဏနေတော့ ပြန်ထွက်လာတယ်။
"ပလာယာပါ လိုချင်တယ်"
"ဟုတ်"
တစ်မိနစ်လောက်ကြာတော့
"စို့ နဲ့ တူသာ ပေးပါတော့"
ဒီတော့ လူနာရှင်ယောက်ျားက စိုးရိမ်တကြီးနဲ့
"ဆရာမရယ်၊ ပွင့်ပွင့်လင်းလင်းပြောပါခင်ဗျာ
၊ လူနာရဲ့ အခြေအနေက တော်တော်ဆိုးလို့လား"
"မပြောတတ်သေးဘူးရှင့်၊ ဆေးသေတ္တာကို ဖွင့်လို့မရသေးလို့ လူနာကို မကြည့်ရသေးဘူး"
..................................................
မိန်းမ ထမင်းစားခန်းထဲဝင်လာသောအခါ ယောကျာင်္းက ယင်ကောင်များအား ယပ်တောင်ဖြင့် လိုက်ရိုက်နေသည်ကိုတွေ့ ရသည်။
"ရှင်ဘာလုပ်နေတာလဲ" ဟု မိန်းမကမေးသောအခါ
ယေကျာင်္းက "ယင်ကောင်အမဲလိုက်ထွက်နေတာ"ဟုအဖြေပေးသည်။
"တော်တော်များများ သတ်လိုက်ပြီလား" ဟုမိန်းမက ဆက်မေးသည်။
"အေး၊ အမ၂ကောင်၊ အထီး၃ကောင် ဆော်ထည့်လိုက်ပြီ" ဟုယောကျာင်္းကပြောရာ
"ရှင်က ယင်ကောင်ကိုအထီး အမ ဘယ်လိုသိသလဲ "ဟုမိန်းမက ပြန်မေးလေ၏ ။
ထိုအခါ ယောကျာင်္းက "သိတာပေါ့ဟ၊ ဘီယာဗူးပေါ်က ၃ကောင်ကအထီး၊ ဖုန်းပေါ်မှာ ကြာကြာနားနေတဲ့ ၂ကောင်က အမပေါ့" ဟုအဖြေပေးလေသည်။
.....................................
အလိုက်သိတဲ့တပည့်
တစ်ခါကရွာတစ်ရွာမှာ ဆရာနှင့်တပည့်၂ဦး၊ အိမ်တစ်အိမ်မှာအတူနေထိုင်ကြပြီး၊
တပည့်မှာဆရာ့စကားကိုမြေ၀ယ်မကျနားထောင်၍ ရိုးသားသူတစ်ဦးဖြစ်ပါတယ်။
တစ်နေ့ မှာဆရာကကိစ္စရှိလို့ -" တပည့်ရေ၊ ဆရာအပြင်သွားအုံးမယ် ထမင်းချက်ထားကွာ" လို့ မှာခဲ့ပါတယ်။

ဆရာအပြင်ကပြန်လာပြီး" တပည့်ရေ၊ ထမင်းစားကြရအောင်ခူးကွာ" လို့ ပြောလိုက်တော့၊ တပည့်ကလည်းခူးပြီးတာနဲ့ ဆရာက " ဟင်းကောကွာ" လို့မေးတယ်။
ထိုအခါတပည့်က" ဆရာကထမင်းပဲချက်ထားလို့ မှာတာကို" ဟုပြန်ဖြေတယ်။
ဆရာက အားမလိုအားမရနဲ့ " တပည့်ရာရိုးပါ့၊ ဆရာက 'တစ်' ဆိုရင်၊ တပည့်က 'နှစ်' 'သုံး' အထိစီစဉ်ထားရတယ်ကွ၊မှတ်ထားသိလား လို့ပြောပါတယ်။

အဲဒီလိုနဲ့ တစ်နေ့ မှာတော့ ဆရာဖျားနေလို့ တပည့်ကို" ဆေးဆရာသွားပင့်ခဲ့ကွာ" ပြောတော့၊ တပည့်လည်းအပြေးတစ်ပိုင်းနဲ့ အိမ်ကထွက်သွားတယ်။
ခဏကြာတပည့်ပြန်လာပြီး ဆရာက-"တပည့်ရေ၊ ဆေးဆရာပင့်ခဲ့ပြီလား" လို့ မေးတော့၊
တပည့်ဖြေလိုက်ပုံမှာ-" ဆရာကျွန်တော့်ကိုသွန်သင်တဲ့အတိုင်း၊ ဆေးဆရာလည်းပင့်ပြီ၊
နောက်ပြီးအခေါင်းနဲ့ ဘုန်းကြီးပါပင့်လာပါတယ်ခင်ဗျာ"

...............................................................
တစ်နေ့  အဖျားအလွန်ကြီးနေသောလူနာတစ်ဦးအား၊ ဆရာဝန်ကဆေးကုသပေးပါသည်။
လူနာ- ဆရာ၊ ကျွန်တော်ဘာတွေစားရမယ်ဆိုတာညွှန်ကြားပေးပါ။
ဆရာဝန်- အဖျားကတက်လိုက်ကျလိုက်ဖြစ်နေတော့ အူရောင် ငန်းဖျားဖြစ်မှာစိုးရတယ်။
ထမင်းကအစ အဖတ်ဆိုရင်ဘာမှမစားပါနဲ့ ၊ နွားနို့ ၊ ကော်ဖီ အရည်ဆိုရင်အားလုံး
သောက်လို့ ရပါတယ်။
ပြောပြီးဆရာဝန်ကပြန်သွားတော့သည်။ နောက်တစ်နေ့ လူနာဆီရောက်တော့၊ လူနာအဖျား
တက်နေသဖြင့်-

ဆရာဝန်- အဖျားတက်နေပြန်ပြီလား၊ ဘာတွေစားလဲ၊ အဖတ်တွေစားတယ်ထင်တယ်။
လူနာ- ဘာမှမစားပါဘူးဆရာရယ် ။ ထန်းရည်ခါး ၁ဗူးပဲသောက်ထားတာပါ။
ဆရာဝန်- ဟာ၊ ဖျားနေတဲ့သူက ထန်းရည်ခါးသောက်ရသလား။
လူနာ- ဆရာက အရည်ဆိုရင်အားလုံးသောက်လို့ ရတယ်ဆို။
.....................................................
ဒါမှ အမတ်အစစ်
ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်လာသော ယောက်ျားကိုမိန်းမက မေးလိုက်သည်။

မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။
ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။

မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။
ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ဘာညာစရာ လိုတော့လို့လဲကွ။
................................................................
ဒီညတော့ အိပ်ရတော့မယ်

ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော လူတစ်ယောက် လိုက်ပါလာသည်။

ထိုစဉ်လေယာဉ်မယ်က ‘လေယာဉ်အင်ဂျင်တစ်လုံး ပျက်သွားပါတယ်။ ဒါပေမယ့် ကျန်တဲ့သုံးလုံးနဲ့ ဆက်လက်ပြီး သွားနိုင်ပါတယ်။ ဒါပေမယ့် ခရီးစဉ်အဆုံးကို တစ်နာရီ နောက်ကျပြီးမှ ရောက်ပါမယ်။ မစိုးရိမ်ကြပါနဲ့’ ဟု ကြေညာလေသည်။

နောက်နာရီဝက်ခန့်အကြာတွင် လေယာဉ်မယ်က ‘နောက်ထပ်အင်ဂျင်တစ်လုံး ပျက်သွားပြန်ပါတယ်။ ကျန်သေးတဲ့အင်ဂျင်နှစ်လုံးနဲ့ ဆက်လက်သွားနေပါတယ်။ ခရီးစဉ်အဆုံးကိုတော့ နောက်ထပ် သုံးနာရီကြာမှ ရောက်ပါမယ်။ မစိုးရိမ်ပါနဲ့’ ဟု ထပ်မံ ကြေညာလေသည်။

နောက်တစ်နာရီခန့် အကြာတွင် လေယာဉ်မယ်က ‘ကျန်တဲ့ အင်ဂျင်နှစ်လုံးပါ ပျက်စီးသွားပါပြီ’ ဟုကြေညာလေသည်။

ထိုအခါ လူအ က သူ့သူငယ်ချင်းကို ပြောလိုက်ပုံက ‘သေချာပြီ။ အဲဒါဆို ဒီညတော့ လေယာဉ်ပျံပေါ်မှာပဲ အိပ်ရတော့မယ်’
..............................................................
ကျေးဇူးပါ
ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ၃လ အတွင်း မန်နေဂျာရာထူးအထိရောက်ရှိလာသော လူငယ်တစ်ယောက်အား ခေါ်ယူကာ ချီးကျူးပြောဆိုလေသည်။

ပိုင်ရှင်။ ။ မင်းဟာ ဒီအလုပ်ကို လွန်ခဲ့တဲ့ ၃ လမှ စလုပ်တယ်။ ၂ ပတ်အတွင်းမှာပဲ ရာထူးတက်တယ်။ နောက် ၁ လ အကြာမှာ လက်ထောက်မန်နေဂျာဖြစ်လာတယ်။ နောက် ၆ ပတ် အကြာကြတော့ မင်း မန်နေဂျာရာထူးအထိ ရောက်လာတယ်။ မင်းတော်တော်ကြိုးစားတဲ့ သူငယ်ပဲ။ မင်းကိုပိုင်ဆိုင်ရတဲ့အတွက် ဂုဏ်ယူတယ်ကွာ။ ကဲ… ဘာပြောချင်သေးလဲ။

လူငယ်။ ။ ကျေးဇူးပါအဖေ။
................................................
နံရံတွေ ပြိုနေလို့

အရူးထောင်တွင် အရူးများ ထောင်ဖောက်ပြေးရန် တိတ်တဆိတ် အစည်းအဝေး လုပ်နေကြသည်။ နောက်ဆုံးတွင် ကြက်များကဲ့သို့ ပျံကာ ထောင်နံရံကို ကျော်ဖြတ်ကြမည်ဟု ဆုံးဖြတ်လိုက်ကြပြီး ကြက်သားများများစားရန်လဲလိုအပ်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက် ၃ လ အကြာအတွင် အရူးများ ပျံသန်းနိုင်လာကြသည်။ ထို့ကြောင့် ထောင်ဖောက်မပြေးခင် အရူးတစ်ယောက်ကို ကင်းထောက်အနေဖြင့် ကြည့်ခိုင်းလိုက်သည်။ ကင်းထောက်အရူးမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာသည်။

ကျန်အရူးများက အကြောင်းအရင်းကိုမေးသောအခါ
‘ငါတို့ထောင်ဖောက်ပြေးလို့မရတော့ဘူး။ ငါတို့ပျံပြီးကျော်ရမယ့် နံရံတွေပြိုနေပြီ’
.................................................
ပိုတောင်ကောင်းသွားပါတယ်

တစ်နေ့တွင် စတာလင်စီးလာသောကားသည် မြင်းစီးလာသောလူတစ်ယောက်အား အရှိန်နှင့် တိုက်မိသေကြောင့် မြင်းရောလူပါ ပြုတ်ကျသွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားလေသည်။

ကားပေါ်မှ စတာလင်ဆင်းလာပြီး သေလုဆဲဆဲဖြစ်နေသော မြင်းအားသေနတ်နှင့်တေ့ကာ ပစ်သတ်လိုက်သည်။

ထို့နောက် မြင်းပိုင်ရှင်အား အခြေအနေကောင်းပါသလား မေးမြန်းရာ မြင်းပိုင်ရှင်မှာ ကမန်းကတန်း လူလဲထပြီး အဖြေပေးလိုက်လေသည်။

‘အဟဲ…ကောင်းပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ကားနဲ့ အတိုက်မခံရခင်ထက်ကို ပိုကောင်းပါတယ်’
..........................................
ကြိုက်ရာလမ်းရွေး

နိုင်ငံတော်အကြီးအကဲတစ်ယောက် နောက်ဆုံး အသက်ထွက်ခါနီးတွင် သူ၏ နေရာဆက်ခံမည့် လူကို မေးလေသည်။
‘ငါ့လူ ငါလဲသေတော့မယ် မင်းတိုင်းပြည်ကို ဆက်လက်ပြီးဘယ်လိုအုပ်စိုးမလဲ’

ထိုအခါ နိုင်ငံတော် အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက်ကို သူတို့လိုက်အောင် လုပ်မှာပေါ့’

နိုင်ငံတော်အကြီးအကဲက ထပ်မေးသည်။
‘မင်းနောက်ကို မလိုက်ရင် ဘယ်လိုလုပ်မလဲ’

နိုင်ငံတော်အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက် မလိုက်ရင် ခေါင်းဆောင်ကြီးနောက် လိုက်အောင် လုပ်မှာပေါ့’

**************
ဒီကောင် လူမဟုတ်ဘူး
အသက်ရွယ်ကြီးရင့် ကာ လင်မယားကတောက်ကဆ ရန်ဖြစ်နေကြစဉ် လင်ဖြစ်သူ
အဖိုးကြီးက မယားဖြစ်သူ အဘွားကြီးအား ရိုက်နှိက်နေလေသည်။

ထိုစဉ် သမီးဖြစ်သူ ငိုယိုပြီး ဖခင်ဖြစ်သူအားတိုင်လေသည် " အဖေ သမီးကို
သမီးယောက်င်္ကျားရိုက်တယ်"

ဖခင်။ ။ "# # ^ ^ % % သား ဒီကောင် သူများသားသမီးကိုလည်းယူုသေးတယ်
ရိုက်လည်းရိုက်တယ် ဒီကောင်လူမဟုတ်ဘူး"...

************
နောက်မသွားတော့ဘူးနော်
ကိုဒသဂီရိတို့ချစ်စခင်စ ကြင်နာစ ဇနီးမောင်နှံ နှစ်ယောက်ကနေ သားသမီးတွေ ပွားစီးလာတဲ့
အချိန်မှာ ဘယ်လိုဖြစ်သလဲ ဆိုတာကိုရေးချင်တာ...........
ညားကာစကတော့ မျက်စိအောက်က ပျောက်မသွားနဲ့ဦး တနေ့ကုန်ထိုင်ပြီး
တစိမ့်စိမ့်ကြည့်နေတဲ့ ကိုဒသဂီရိ.....
သူနားက တဖ၀ါးမှမခွာလို့ ချစ်တက်လိုက်တာလို့ ထင်ထားတဲ့ မမိန်းမ.....
ကာလတွေ ရွေ့လျားလာတော့ ကလေးတစ်ယောက်ပွားစည်းလာတယ် ...
အခေါ်အဝေါ်လေးကလဲ ပြောင်းလာတယ် ကိုဒသဂီရိက သူ့မိန်းမ ကို ကလေးတစ်ယောက်အမေလို့ခေါ်သတဲ့ လေ
အရင် ကအလုပ်ကိစ္စကလွဲလို့ သူ့အနားမှာပဲ အချိန်ပေးတဲ့ ကိုဒသဂီရိဟာ
ခုဆိုညနေစောင်းလာရင် လမ်းလျှောက်ထွက်တက်လာတယ်... သွားခါနီးရင်လဲ ကဲ ကို အပြင်သွားလိုက်ဦးမယ်
ကလေးတစ်ယောက်အမေရေ.....ဆိုပြီး လစ်ရော
မမိန်းမက ပြုံးပြုံးလေး ကြည့်လို့ ကျန်ခဲ့တာပေါ့ ... ကိုဒသဂီရိက KTV ,တို့ ဘာတို့ သွားပြီ ရေလည်လန်းနေတာပေါ့
အဲဒီလို သွားတာလဲ ခဏခဏပဲလေ သွားတိုင်းလဲ သွားလိုက်ဦးမယ်
ကလေးတစ်ယောက်အမေရေ.....ဆိုပြီး လစ်တာပေါ့
ဒီလိုနဲ့ တစ်ယောက်ကနေ နှစ်ယောက် ... နှစ်ယောက်ရလားတော့
သက်ပြင်းလေးတောင်ချလိုက်သေးတယ် ဟင်း.......
သွားလိုက်ဦးမယ် ကလေးနှစ်ယောက်အမေရေ.....ဆိုပြီး လစ်တယ်လေ မမိန်းမက
ပြုံးတာကလဲ ပညာပါလာပြီဗျ .......
ငါးသလဲထိုး ငါးမြွေထိုးပြုံးလေးတွေ ပေါ့ .....
အဲ့ သုံးယောက်မြောက်မွေးတော့ ထုံးစံအတိုင်း ကလေး လေးလမပြည့်ခင်အထိ
မိန်းမနား ကပ်သေးတယ် ...လေးလလဲ
ပြည့်ရော ထုံးစံအတိုင်း သွားလိုက်ဦးမယ် ကလေးသုံးယောက်အမေရေ.....ဆိုပြီး
လစ်မလို့ခြေလှမ်းနေတုန်းမိန်းမက                                                                                                                                                            ပြုံးပြုံးလေးနဲ့ ပြန်ပြောလိုက်တဲ့ စကားကြောင့် နောက်ကိုဒသဂီရိအပြင်ကိုမသွားတော့ဘူးတဲ့ .
်ပြောလိုက်တဲ့ စကားက....................................
သွားပေဦးတော့ ကလေးနှစ်ယောက်အဖေရေတဲ့
လိမ်ပြောဦး

၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာလူတစ်ယောက်လိမ်တယ်
မလိမ်ဘူး ဆိုတာကိုမျက်နာကြည့်ပြီးသိနိုင်
အောင် တီထွင်နိုင်ခဲ့ပါပြီ။ ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာလိမ်တဲ့သူကိုချက်ချင်းပါးထရိုက်တာပါပဲ။ မယုံဘူးလား… အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။
ကိုဇော်ဂျီနဲ့ပွင့်တို့ရဲ့သားလေး မောင်မောရစ်တစ်ယောက်အိမ်ကိုနောက်ကျပြီးမှပြန်ရောက်လာသည်။
ကိုဇော်ဂျီ ။    ။ သားမင်းဘာလို့ကျောင်းနောက်ကျတာလဲ။
မောင်မောရစ် ။     ။ ဒီနေ့ကျောင်းကအချိန်ပိုရှိလို့နောက်ကျတာအဖေရဲ့။
ဖြန်း…………………………………..
အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က မောင်မောရစ်ပါးကိုရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ ။     ။ ဒီစက်ရုပ်က လိမ်ပြောတာကိုအာရုံခံစားနိုင်တဲ့စက်ရုပ်ကွ။ မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။
မောင်မောရစ် ။     ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ ။     ။ ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။      ။  “The Ten Commandments” ဇာတ်ကားပါ။
ဖြန်း……………………………………….
စက်ရုပ်ကရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်မလိမ်ရဲတော့ပေ။
မောင်မောရစ် ။     ။ ဟုတ်…ဟုတ်.. Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီအတော်ပေါက်ကွဲသွားသည်
ကိုဇော်ဂျီ ။     ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။ မင်းအသက်အရွယ်လောက်တုန်းက ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း……………………………………………………
တော်တော်လေးကိုအသံကျယ်ပါဧ။်။ ကိုဇော်ဂျီကိုစက်ရုပ်ကပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့်မိခင်ဖြစ်သူ ပွင့်မီးဖိုချောင်မှထွက်လာပြီးပြောလိုက်သည်။
ပွင့် ။     ။ ရှင်လည်းလိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့ အဲဒါရှင့်သားပဲလေ ။
ဖြန်း……………………………………………………………
ဒီတစ်ခါစက်ရုပ်ဧ။် ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။


မင်းတော့ သေပြီသာမှတ်ပေတော့

ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လို
အခြေအနေရှိလဲ..
အေးဆေးပဲလား"
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေ
းထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."
"ကျွေးပါတယ်ဆရာရယ်..."
"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"
"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"
"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"
"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..
ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."
"အေးပါ...မြန်မြန်ပြောစမ်းပါ..."
"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."
"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."
"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."
"ဟေ!!!!...."
"သူကတော့ပင်ပန်းပြီးသေတာဆရာ"
"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."
"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."
"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"
"ဟို..ဟိုလေ....မီးလောင်လို့..."
"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."
"ဆရာ.အိမ်ပေါ့ဆရာရယ်"
"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"
"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"
"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"
"ဆရာ့အမေ...."
"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"
"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."
"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်.

ခင်ဗျား..သိပြီးသားပါ...

အိမ်မွေး တိရစ္ဆာန်ဆိုင်ကိုလူတစ်ယောက် ၀င်လာတယ်။
အဲ့ ဒိ့ ဆိုင်မှာ အထူးခြားဆုံးက လူစကားပြောတတ်တဲ့ ကြက်တူရွေး တစ်ကောင်ရှိတယ် လို့ နာမည်ကြီးနေပါတယ်။   ။
ဆိုင်ရှင်ကလည်း ဒီထူးခြားတဲ့ ကြက်တူရွေးကို တခြားအကောင်တွေနဲ့တောင်မထားပဲ သီးသန့်ထားထားတယ်။
လှောင်အိမ်နဲ့မထားဘဲ လွတ်လပ်ခွင့် ပေးထားတယ် ။
အဲ…........နောက်တစ်ခု ထူးးဆန်းတာက သူကပျံမသွားဘူး ။
ကြက်တူရွေး...သူက..တနေ့ ကုန်ကြက်တူရွေးအစွမ်းပြနေတတ်တယ်... ။ 
လူတယောက်ဝင်လာရင်လည်း
ကြက်တူရွေး။    ။(((( ဧည့်သည်လာတယ် ))))    .. ( သတိ !! ကြက်တူရွေးအသံဖြင့် ဖတ်ရန် )

လမ်းပေါ်ကအမှိုက်သမား ကအစမုန့် သည်တွေအားလုံးသူ ကလိုက်လိုက်ခေါ်တတ်တယ်...။
သူက ခေတ်ပေါ်သီးချင်းလည်းသီဆိုတတ်ပါသေးတယ်..။
ဒါ့ အပြင်..မြင် တဲ့ အတိုင်းပဲပြောတတ်လို့ ဆိုင်ရှင်အမြဲလည်း..ပျော်ရစိတ်ညစ်ရပါတယ်..။
တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ
လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်းအဲ့ ဒိ့ ကြက်တူရွေး က ထိုမိန်းမကြီးအား
ကြက်တူရွေး။      ။((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))

မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။
နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည်။    ။
ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ...))))

ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား
အကျိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါကကြက်တူရွေး ကိုလည်းသတ်ပစ်မည် ။
ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။

နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်

ကြက်တူရွေးက ။  ။ ဟိုအမကြီး)))))

အမျိုးသမီး။         ။ ဘာတုန်း

ကြက်တူရွေး။         ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ......))))

(လင်မယားနှစ်ယောက် စကားပြောနေကြသည်)
ယောင်္ကျား။  မိန်းမတွေက စကားတော်တော်များတာပဲ။ တစ်ရက်ကို စကားအလုံးပေါင်း
                   (၄) သောင်း (၅) သောင်း အထိ ပြောကြတယ်၊
ဇနီး။            အဲ့ဒါ နင်တို့ယောင်္ကျားတွေကို တစ်ခွန်းပြောရင် ဒို့က အခွန်းတစ်ရာလောက်
                   ပြန်ပြန်ပြောနေရလို့လေ၊
ယောင်္ကျား။ ဘာ……….
ဇနီး။           အဲ့ဒါ နင့်တို့ယောင်္ကျားတွေကို @$%^%^*&******


(လင်မယားနှစ်ယောက်ရန်ဖြစ်ပြီး တရားရုံးသို့ရောက်လာသည်)
တရားသူကြီး။  ဘာလို့ နင့်ယောင်္ကျားကို ကုလားထိုင်နဲ့ ရိုက်ရတာလဲ၊
မိန်းမ။             ဘာလို့လဲဆိုတော့ စားပွဲခုံက အရမ်းလေးနေတော့ မ မနိုင်လို့ပါ။


(လင်မယားနှစ်ယောက် ဈေးဝယ်ထွက်လာသည်)
သူတောင်းစား။ မမချောချောရေ.. ထမင်းဖိုးလေး မ စ ပါဦးဗျာ၊
ဇနီး။                 ကြည့်စမ်း ကြည့်စမ်း ဒီလူ အကန်းယောင်ဆောင်ပြီး
                        လိုက်တောင်းစားနေတာပဲနော်၊
ယောင်္ကျား။      တကယ်ကန်းနေလို့နေမှာပေါ့ဟ၊
ဇနီး။                ဟင်း..... တကယ်ကန်းတယ်လို့ နင်က ဘယ်လိုသိတာလဲ၊
ယောင်္ကျား။     နင့်ကို မမချောချော လို့ခေါ်နေတယ်လေဟာ။


(ယောက်ျားလေး သူငယ်ချင်းနှစ်ယောက် စကားပြောနေသည်)
ယောင်္ကျား-၁။ မိန်းမတွေ မငြိုငြင်အောင် ဘယ်လိုနေရမလဲ ..
ယောင်္ကျား-၂။ အင်း.. ကိုယ်ကမှားတဲ့အချိန်ကျရင် အမှန်အတိုင်းဝန်ခံလိုက်၊
                      ကိုယ်က မှန်တဲ့အချိန်ကျရင် တိတ်တိတ်နေပေးလိုက်။



(လင်မယားနှစ်ယောက် အိပ်ယာထဲတွင်ဖြစ်သည်)
ဇနီး။             ဘေးအိမ်က တစ်ယောက်ဆို သူ့မိန်းမကို တစ်နေ့သုံးကြိမ်
                    မွှေးမွှေးပေးတယ်၊ ညတိုင်း ညတိုင်း ပန်းလေးတွခူးပေးတယ်၊
                    နင်ရော အဲ့လိုမျိုး မလုပ်ပေးချင်ဘူးလား၊
ယောင်္ကျား။  အင်း … သူခွင့်ပြုမယ်ဆိုရင်တော့ လုပ်ပေးချင်တာပေါ့ဟ။


(လင်မယားနှစ်ယောက် တိရ စ္ဆာန်ရုံထဲသွားပြီး မျောက်ရွာသို့အရောက်)
ဇနီး။             ဟိုမှာ တွေ့လား… နင့်အမျိုးတွေ။
ယောင်္ကျား။  ဟုတ်တယ်လေ အဲ့ဒါ ငါ့ယောက္ခမနဲ့ယောက္ခထီးတွေပဲ ငါသိတာပေါ့ဟ။


(လင်မယားနှစ်ယောက် အကြီးအကျယ် ရန်ဖြစ်နေကြသည်)
ဇနီး။          ငါတို့လက်ထပ်တဲ့အချိန်တုန်းက ငါ့အဖေသာ ပိုက်ဆံတွေမပေးရင်
                  အခုလို LCD TV တွေ၊ ကားတွေ၊ အိမ်တွေ ရှိမှာမဟုတ်ဘူး၊
ယောင်္ကျား။ အေး …. မင်းအဖေသာ ပိုက်ဆံတွေ မပေးရင် ငါလည်း အခုလို
                  ဒီအိမ်မှာ ရှိနေမှာ မဟုတ်ဘူး။


(မိန်းခလေး သူငယ်ချင်းနှစ်ယောက် စကားပြောနေကြသည်)
မိန်းမ-၁။ နင့်ယောင်္ကျားကို မချစ်နိုင်တော့ရင် သူ့ကိုထားခြဲ့ပီး သူ့အိမ်ကနေ
               ဆင်းလိုက်ပါလား  ဘာလို့ဒုက္ခ ခံနရတာလဲ၊
မိန်းမ-၂။ အင်း …. အဲ့လိုလုပ်လိုက်ရင် သူပျော်နေမှာကို ငါလည်း မမြင်ချင်ဘူးဟ။


(လင်မယားနှစ်ယောက် စကားများကြပြန်သည်)
ဇနီး။            နင်က နင့်အမျိုးကောင်းတဲ့အကြောင်းပဲ အမြဲပြောတယ်၊
                   ငါ့အမျိုးကောင်းတဲ့ အကြောင်းပြောတာ မရှိသလောက်ပဲနော်၊
ယောင်္ကျား။ သြော်… အေးအေး၊ ငါမေ့နေလို့ကွ၊ နင့်ယောက္ခမတွေက
                   ငါ့ယောက္ခမတွေထက် ပိုကောင်းတယ်နော်။



(မိန်းခလေး သူငယ်ချင်းနှစ်ယောက် စကားပြောနေကြသည်)
မိန်းမ-၁။   ငါ့ယောင်္ကျားက ငါ့ကို လိမ်နေတယ်လို့ ငါထင်တယ်ဟဲ့၊
မိန်းမ-၂။   နင်က ဘယ်လိုလုပ်ပြီးသိတာလဲ ပြောပါဦးဟာ၊
မိန်းမ-၁။   မနေ့ညက အိမ်ကိုညနက်မှ ပြန်လာပြီး သူပြောတာလေ၊
                သူ့သူငယ်ချင်း လှမောင်နဲ့အတူတူ ပါတီပွဲ သွားနေရလို့တဲ့၊
                အဲ့ဒီညဦးပိုင်းမှာ သူ့သူငယ်ချင်း လှမောင်က ငါနဲ့အတူတူ ရှိနေတဲ့ဟာကို။


ကိုယ့်အတွေးနဲ့ကိုယ် 
အထက်တန်းတွဲ လူစီးရထားပေါ်တွင် ကုမ္မဏီပိုင်ရှင်အဖိုးကြီးနှင့် သူ့လက်ထောက်လူငယ်တစ်ဦးတို့ နေရာယူကာအေးဆေးစွာထိုင်နေကြ၏။
ခဏမျှကြာသော် အဖွားကြီးနှင့် လှပ နုနယ်ချစ်ချင်စဖွယ်ကောင်းသော မြေးပျိုမလေးတို့ မျက်နှာချင်းဆိုင် ထိုင်ခုံသို့ရောက်လာသည်..။
အဖိုးကြီးကောလူရွယ်ပါ.. မိမိ၏ အလှအပ အားယစ်မူး စွဲငြိနေကြောင်း မိန်းမပျိုက သိသော်လည်း မသိယောင်ပြု၏..။ အဖွားကြီးကမူ  အဖိုးကြီးနှင့်လူငယ်ကို မျက်စောင်းတခဲခဲ ဖြစ်လျက် ရှိသည်...။
ရထားသည် ဥမင်လိုဏ်ခေါင်း တစ်ခုအတွင်းသို့ ဖြတ်သန်းသွားရာ အမှောင်အတိကျသွားစဉ်မှာပင်
"ရွှတ်"   "ဖြန်း"  "ဖြန်း"ဟူသော အသံများက အမှောင်ထု ကို ထိုးဖောက်ကာ ပေါ်ထွက်လာသည်..။
ရထားလိုဏ်ခေါင်းအပြင်ဘက်ရောက်လာသည်နှင့် ထိုလေးဦးမှာ အတွေးကိုယ်စီ နှင့် ငြိမ်သက်လျက်ရှိသည် ကိုတွေ့ရပေသည်..။ 
မြေးပျိုမအတွေး-  လူပုံကမခုတ်တတ်တဲ့ကြောင်လိုလိုနဲ့မှောင်နေတာ အခွင့်ကောင်းယူပြီး လူကိုများ...ဟွန်း..လူဆို၊အင်း......ဒါပေမဲ့ သနားပါတယ်..၊အဖွားကသူ့ပါးရိုက်တာ ခမျာအတော်လေးနာရှာမှာ..။
ဖွားဖွားကြီးအတွေး- အတော်အတင့်ရဲတဲ့ သူငယ်ပါလား၊ ငါ့မြေးကသူ့ပါးရိုက်တာ နည်းတောင်တည်းသေးတယ်။တကယ်ဆို သူ့ပါးကငါ့မြေးလက်ဝါးနဲ့    တောင် မတန်ဘူး။ဒီလိုကောင်မျိုး ဖိနပ်နဲ့ဆော်ဖို့ကောင်းတာ.။
ဖိုးဖိုးကြီးအတွေး- အင်း.....အတော် ခြေသွက် လက်သွက်ရှိတဲ့ကောင်ပဲ၊အခွင့်အလမ်းကို  အမိအရအသုံးချတတ်တာကတော့ငါ့တပည့် ပီသပါပေရဲ့၊ဒါပေမဲ့ အဖွားကြီးက ငါ့ပါး မှားချတာတော့ ဘယ်ကောင်းပါ့မလဲ?? 
လူငယ်အတွေး- အမယ်လေး..ငါဒီနေ့သိပ်ကံကောင်းနေပါ့လား?? ဒီလောက်ချောတဲ့ ကောင်မလေးကိုလည်း နမ်းရသေးတယ်၊ငါကြည့်လို့မရတဲ့ ဘော့စ်ပါးကိုလည်း ဘယ်ပြန်ညာပြန်တီးလိုက်ရသေးတယ်..။ပျော်တယ်  ပျော်တယ်၊  ဒို့ပျော်တယ်ဟေ့။
"အဟိ.."
ဟောင်းရွက်ကယ်ကြွေလေမှ
       လင်မယားနှစ်ယောက်သည် ပန်းချီကားများကိုကြည့်ရန် ပြခန်းအတွင်းသို့ဝင်သွားကြ၏။
ပန်းချီကားတစ်ကားသည် အချိုးအစားအလွန်ပြေပြစ်သော မိန်းမချော၏ ကိုယ်လုံးတီးပုံ ဖြစ်နေ၏။
မမြင်အပ်သောနေရာကလေး၌သာ သစ်ရွက်ကလေးတစ်ရွက်ဖြင့် ဖုံအုပ်ထား၏။
     မိန်းမက ထိုပန်းချီကားကို မနှစ်သက်။ ထို့ကြောင့် တစ်နေရာသို့ ခပ်သွက်သွက်ရွှေ့သွား၏။
သို့သော် ယောက်ျားက ပန်းချီကားရှေ့မှ မခွာနိုင်ပဲ ပန်းချီကားကို စူးစူးစိုက်စိုက်ကြည့်နေ၏။
သည်တွင်မိန်းမက စိတ်မရှည်သလိုဖြစ်လာပြီး-
      “ရှင် ဘာကိုစောင့်နေတာလဲ။ သစ်ရွက်ကြွေတဲ့ ဆောင်းဦးကာလကို စောင့်နေတာလား”
ဟု အော်၍မေးလိုက်လေ၏။  ။
 
အာဂမိန်းမ 
       ပါရီရှိ လင်ကွာ မယားကွာရုံးတွင် တရားသူကြီးခမျာ အလွန်ဆိုးဝါးသောကွာရှင်းမှုကြီး
နှင့်
ရင်ဆိုင်နေရလေသည်။ တရားရုံးသို့ရောက်လာကြသော လင်မယားသည် တရားရုံးထဲမှာပင် တစ်ယောက်
မျက်နှာ တစ်ယောက်မကြည့်ချင်လောက်အောင်ဖြစ်နေကြ၏။ သည်တော့ တရားသူကြီးက-
      “ကောင်းပြီ၊ ကွာရှင်းပေးမယ်။ ဒါပေမယ့် တစ်ခုသိထားဖို့က မင်းတို့ပိုင်ဆိုင်သမျှအားလုံးကို
တစ်ဝက်စီအညီအမျှခွဲယူရမယ်” ဟုပြောပြလိုက်၏။  ။
        ထိုအခါ မိန်းမက-
        “ကျွန်မတို့ ကလေး ၃-ယောက်ကိစ္စ ဘယ်လိုဆုံးဖြတ်မလဲ” ဟု လှမ်းမေးလေ၏။
“ဒါက မင်းတို့သဘောအတိုင်းပဲ” တရားသူကြီးက ထိုသို့ပြောလိုက်သည်နှင့် မိန်းမက ချက်ချင်း
ဆုံးဖြတ်ချက်ချလိုက်၏။ သူက သူ့လင် အင်္ကျီကော်လာကို ဆွဲ၍ အမိန့်ပေးလေ၏။
        “ကဲ- ဂျပိုး၊ အိမ်ပြန်လိုက်ခဲ့”
          ထို့နောက် သူက တရားသူကြီးအား သမင်လည်ပြန်ကြည့်ပြီး- “ကျွန်မတို့ နောက်နှစ်မှာ ကလေး ၄-ယောက်နဲ့ပြန်လာခဲ့မယ်” ဟုနှုတ်ဆက်လိုက်သောဟူ၏။  ။

အသေစောလေခြင်း 
    
   သုဿန်၏အမှောင်ဆုံးတစ်နေရာမှာရှိသော အုတ်ဂူဘေး၌ လူတစ်ယောက်သည် ၀မ်းနဲကြေကွဲခြင်းကြီးစွာဖြင့် ၅-ရက်ဆက်တိုက်ရပ်လျှက် ရင်ဘတ်စည်တီးဖြစ်နေ၏။
           “ဘာကြောင့်သေရတာလဲ၊ ဘာကြောင့်သေရတာလဲ” ဟုလည်းမကျေမချမ်းဖြစ်နေပုံဖြင့်
 အဆက်မပြတ်ရေရွတ်နေ၏။ သုဿန်စောင့်လည်း မနေနိုင်တော့ဘဲ သူ့နားလာ၍ နှစ်သိမ့်၏။၎င်းနောက်-
           “သေသွားတဲ့လူက....ခင်ဗျားအဖေလား၊ ဒါမှမဟုတ် အစ်ကိုလား” ဟုမေးကြည့်လိုက်၏။ထိုအခါ သူက-
            “အဖေလည်းမဟုတ်ဘူး၊ အစ်ကိုလည်းမဟုတ်ဘူး၊ ကျွန်တော့်မိန်းရဲ့ ပထမလင်ဗျ........” ဟု
ပြောပြလိုက်သည်ဟူ၏။  ။
 စိတ်ကူးအိမ်မက်   

             ယောက်ျားနှစ်ယောက်သည် သူတို့၏ မိန်းမများနှင့်ပတ်သက်သော ထူးထူးဆန်းဆန်း ကိစ္စများ
အကြောင်း စကားလက်ဆုံကျနေ၏။
            “ကျွန်တော့်မိန်းမက ပြောတယ်ဗျ၊ သူ သန်းကြွယ်သူဋ္ဌေးတစ်ယောက်နဲ့ လက်ထပ်ရတယ်လို့
အိပ်မက်မက်သတဲ့”
            “အေး...မင်းအဖြစ်ကတော်သေးတာပေါ့ကွာ။ ငါ့မိန်းမကတော့နေ့ခင်းကြောင်တောင်ကြီးမှာကို
သန်းကြွယ်သူဋ္ဌေးတစ်ယောက်နဲ့ လက်ထပ်ဖို့ စိတ်ကူးနေတာကွ”။  ။

သူရွေးလိုက်ပုံက     

             ဆရာမက အတန်းထဲရှိ ကလေးတွေကို ထင်ရှားတဲ့ သီချင်းရေးဆရာတစ်ယောက်ရဲ့ နာမည်ကို
ချရေးခိုင်းလိုက်တဲ့အခါ မိန်းကလေးတစ်ယောက် “ဘက်ခ်” (Bark) ဆိုတဲ့ နာမည်ကိုရေးပါတယ်။
             “မင်း ဘာဖြစ်လို့များ သူ့ကို ရွေးချယ်ပြီး ရေးလိုက်တာလဲ” ဆရာမက မေးလိုက်ပါတယ်။
             “ကျွန်မ စာလုံးပေါင်း ပေါင်းတတ်တာ သူတစ်ယောက်ထဲပဲ ရှိလို့ပါ ဆရာမ”

ခြားနားချက်     

               “လက်မထပ်ခင်ကတော့ သူက ကျွန်တော့်ရဲ့ အတွင်းရေးမှူးမလေ
အခု သူက ဘဏ္ဍာထိန်း ဖြစ်နေပြီပေါ့”