31 July, 2009

longing for you



မျှော်လင့်ရင်းစောင့်နှင့်သူ

ပွင့်သစ်စကံ့ကော်တွေနဲ့အတူ
ဒီနွေတစ်ကျော့ရောက်ပြန်ပြီပေါ့လေ
အမြဲတမ်းသိမ်းဆည်းထားနေမိမယ့်
ကံ့ကော်ပင်တန်းမှာ
မောင်ရေးထားတဲ့ အမှတ်တရတွေကို
တာဝန်ဝတ္တရားမပျက်
မေတစ်ယောက်တည်း မျက်ရည်တွေနဲ့
ဖတ်နေဆဲပါမောင်...
ကြာရှည်ဝေဒနာအလွမ်းတွေကို
ဂိမာန်နွေစခန်းမှာ နားနေကျန်ရစ်စေချင်ပါပြီ
တီးတိုးပြောခဲ့တဲ့ ချစ်စကား
ကံ့ကော်ပွင့်တွေကြားမယ်ဆိုရင်
အခုအချိန်မှာ မေ့အတွက်
မျက်ရည်အဖြစ်နှင့်ကြွေလွင့်ပေးကြပမှာပါမောင်...
နှစ်ကာလတွေပြောင်းလဲရင်း
ဒီတစ်ခေါက်နွေမှာ မေကနောက်ဆုံးနှစ်ကိုရောက်ပြီလေ
နောက်အခါခါလာမယ့်နွေရောက်ရင်
ဒီနေရာမှာမေမရှိနိုင်တော့တဲ့အတွက်
မျှော်လင့်ချက်ရေးရေးနဲ့
ဒီနွေမှာ
မောင်ရယ်...
အပြေးလာတွေ့လှည့်ပါကွယ်
ကံ့ကော်ရိပ်တန်းမှာ အလွမ်းများနှင့်စောင့်နေမယ်...။
Sakura (31.7.2009)

No comments:

Post a Comment