06 December, 2011

Night







မျက်ရည်လွှမ်းတဲ့ည
နင်ကစိမ်းကားတဲ့မာယာများနဲ့
နာကျင်ခြင်းဝေဒနာ
တို့နှစ်ယောက်ရဲ့အဆုံးသတ်တော့မဖြစ်ပါရစေနဲ့
ချိုသာတဲ့နင့်နှလုံးသား
ငါအရင်လိုပြုံးပြီးကြည့်နေချင်သေးတယ်..




sakura(6.12.2011)

01 December, 2011

beloved December



အလွမ်းနဲ့ချစ်တဲ့ဒီဇင်ဘာ



ဒီဇင်ဘာ...
နှင်းများနှင့်အတူေ
ပျာ်ရွှင်ခြင်းများဆောင်ကြဉ်း
မနက်ခင်းရဲ့အလင်းတွေဟာအေးမြလို့
ချစ်သူနဲ့ အနေဝေးသူတစ်ယောက်အတွက်တော့
အနှောင့်အယှက်ကင်းတဲ့ ချစ်ခြင်းနှင်းတွေသာ
မင်းရှိရာ ဝေစေဖို့ဆုတောင်းရင်းေ
ကြွလာတဲ့နှင့်းပွင့်တိုင်းနှင့်အတူ
ငါ့အလွမ်းတွေ အနှိုင်းအဆမဲ့ပါတယ် ချစ်သူ ... ♥
sakura (1.12.2011)

19 October, 2011

A peak of light



အလင်းတစ်စ

လမိုက်ညမှာ
ကြယ်တွေကိုလက်ချိုးရေဖို့ကြိုးစားမိသလိုမျိုး
မဖြစ်နိုင်တဲ့နင့်ရဲ့မျက်ဝန်းတွေထဲ
ချစ်ခြင်းအလင်းတစ်စကိုမြင်ချင်ခဲ့မိ
ဒါပေမယ့်တေးချိုချိုမဆိုတော့ငှက်အိုတစ်ကောင်ရဲ့အော်မြည်သံနှင့်အတူ
နင်နဲ့ဝေးဝေးသွားရင်း
ငါ့ရဲ့ကမ္ဘာကတစ်ဖြည်းဖြည်းမှောင်မိုက်လာခဲ့
အမှောင်ကဲတဲ့ဒီအလင်းထဲမှာ
နင့်ပုံရိပ်တွေရှာဖွေရင်း
ရင်ခွင်သစ်ပင်ကမျှော်လင့်ခြင်းတွေလည်းနွမ်းမောမြေခ
မကြည့်၇ မသိပါရစေနဲ့ချစ်သူ
အမုန်းတွေပါလာမဲ့ မျက်ဝန်းတွေကိုကျောခိုင်းထားပါရစေ.....


sakura(19.10.2011)

18 October, 2011

Changes


အပြောင်းအလဲ

ပြောင်းလဲမှာမဟုတ်တဲ့ နင့်အကျင့်တွေကို
နားလည်နိုင်ဖို့
ငါ့ကိုယ်ကိုငါပြောင်းလဲဖို့
ကြိုးစားနေမိတာပါ
ရင်မှာနက်နက်ရှိုင်းရှိုင်း
နာကျင်ရပါတယ် ချစ်သူ
နင်နားလည်မယ်ဆို
ငိုနေတဲ့နှလုံးသားကို
အရှုံးတွေထပ်မပေးပါနဲ့တော့

16 September, 2011

I will be right here waiting for you



ဒီလမ်းမှာတစ်ယောက်တည်းရပ်စောင့်နေဆဲ


နင် ပြန်မလာမှန်းသိပေမယ့်
ငါဟာ
ဒီလမ်းမှာတစ်ယောက်တည်းရပ်စောင့်နေဆဲ
အလွမ်းတွေ နွေလိုပဲကျွမ်းကျွမ်း
မိုးလိုပဲရွာရွာ
ဆောင်းလိုပဲဝေေ၀
တစ်ခါတစ်လေ နင်ပြန်လှည့်လာမလားအတွေးနဲ့
ဒီလမ်းမှာတစ်ယောက်တည်းရပ်စောင့်နေဆဲ
နင်က
ထားရစ်ခဲ့တာမဟုတ်သလို
ထွက်သွားနိုင်ပေမယ့်
ငါကတော့ ချန်ရစ်ခဲ့တဲ့အတိုင်း ကျန်ရစ်နေရင်း
ဒီလမ်းမှာတစ်ယောက်တည်းရပ်စောင့်နေဆဲ
နင်က အားရှိသမျှလွင့်ချင်သူဆိုတော့
ပြန်လာဖို့မတောင်းဆိုပေမယ့်
နင်ပင်ပန်းလို့ တစ်ခါပြန်ခိုနားတဲ့အခါ
နင့်အတွက်အသင့်ကမ်းလင့်ကြိုဖို့
ဒီလမ်းမှာတစ်ယောက်တည်းရပ်စောင့်နေဆဲ
အရင်အတိုင်းပဲချစ်နေဆဲ..။


sakura(12:50 am, 16.9.2011)

06 September, 2011

A dead heart


နှလုံးသားအသေ

နင့်ကိုအရမ်းချစ်တယ်
အဲဒီအချစ်ကို အလွန်အကျွံ
သုံးစွဲမိ ခံစားမိ
ခုတော့....
နင်မချစ်တော့မှာ...
နင်ထားသွားမှာ..စိုးရိမ်ပူပန်စိတ်
အကြောင်းပြချက်ရှာမရတဲ့..သ၀န်တိုစိတ်
တစ်ခါတစ်ခါ
နင်မရည်ရွယ်ပေမယ့် နာကျင်လွန်းတဲ့အရာတွေ
ခုတော့..
ငါ့နှလုံးသားသေပြီ ............။
$a*k4^ra!!(6.9.2011/10:31pm)