11 December, 2001

to Lover


အချစ်များစွာ ရင်ထဲမှာ
ပွင့်လန်းဝေဖြာ ထာဝရသာ
မျှာ်ကာရည်မှန်း တမ်းတလွမ်းလျှက်
ချစ်သူ့ အတွက်ပါ ထာဝစဉ်သာ...

ကြင်နာမြတ်နိုး အချစ်တိုးလို့
တသိမ့်သိမ့်ပို အချစ်တွေကို
သည်းအသက်ပါ ပို့ချင်ပါသည်
ချစ်ရသူဆီ လွမ်းလျှက်သာ...


အသည်းနှလုံး အပြုံးများသည်
အသုံးများလည်း မုန်းမသွားပဲ
ချစ်နေဆဲကွယ် ချစ်သူရယ်လို့
တိုးတိတ်ဆိုကာ ချစ်လျှက်သာ...


sakura(2001)

10 December, 2001

Guilt and Regrets


နောင်တအလင်း


အို...
သခင်ရယ်
ဘာကြောင့်များ
တို့တစ်ယောက်ထဲ ၀မ်းနည်းကြေကွဲလို့
လွမ်းနယ်မြေမှာ တစ်ယောက်ထဲနေဖို့
အကြောင်းဖန်လာရတယ်ကွယ်
နှလုံးသားမှာဒဏ်ရာတွေအထပ်ထပ်
မွန်းကျပ်လို့အသက်ဆက်ဖို့ခက်
အင်အားချိနဲ့လှပါပြီကွယ်
အို..
သခင်ရယ်
ရက်စက်စိမ်းကား အမုန်းစကားများစွာနဲ့
တို့အသည်းနှလုံး ပျက်ကြွေသုဉ်းအောင်
မာယာဆောင်ကြဉ်း တွယ်တာနှောင်ဖွဲ့ ခြင်းတွေနဲ့
နောင်တအလင်းတွေပေးခဲ့တော့..................

sakura(2001)

09 December, 2001

coming clouds



မရွာတဲ့တိမ်ညို
အို..စိုးမိုးလွန်းသူ
မယ့်သခင် ငြိုငြင်မည်စိုး
မယ့်ရင်မှာပျိုးတဲ့ ချစ်မိုးတွေလေ
ရွာမလို မပြိုတဲ့ တိမ်ညိုအနေနဲ့သာပဲ
သခင်လာမည့်လမ်း မျှော်မှန်းရင်း
လွမ်းလို့ပဲနေတော့မယ်..
sakura(2001)

08 December, 2001

I miss you


လွမ်းနေတယ်
မိုးကုန်တော့မယ်
မနက်မနက်ဆို
ဆာင်းရဲ့အငွေ့အသက် မြူတွေဆိုင်းနေတာ
ကျာင်းဝင်းအနှံ့မြင်နေရပေါ့
သံယောဇဉ်ဒီနွယ်တစ်မျှင်ကို
လွယ်လွယ်နဲ့မဖြတ်နိုင်ခဲ့တော့လည်း
ရက်စက်တဲ့ ကံကြမ္မာကိုပဲ
ရင်နာနာနဲ့ ယိုးမယ်ဖွဲ့ရင်း လွမ်းနေတယ်...။
sakura(2001)

07 December, 2001

A crush on someone


ကြိတ်ပိုးလေး


ငါ့ကို..
တိတ်တခိုးနဲ့ ကြိတ်ပိုးနေတဲ့
ကာင်လေးရေ
မမုန်းပေမယ့်လည်း
ငါ့ရဲ့အချစ်ဦးက
တခြားသူတစ်ဦးဖြစ်နှင့်ပြီးပြီးမို့
တိတ်တခိုးနဲ့ မြတ်နိုးနေတဲ့
ကြိတ်ပိုးလေးရေ
စိတ်မဆိုးလိုက်နဲ့နော်...:P
sakura (2001)

06 December, 2001

Heartbroken Longings


အသည်းကွဲတမ်းချင်း




တစ်ကယ်ဆိုရင်
မင်းကိုငါ အသည်းနင့်အောင်ချစ်လို့
စူးနစ်မူးရစ် အချစ်စစ်တွေပေးခဲ့တယ်
ရူးမလောက်အချစ်တွေနှင့် ညီမျှအောင်
ရက်စက်မှုတွေ ဆောင်ကြဉ်း
ငါ့ရင်မှာ အမုန်းသဘင်ကျင်းပခဲ့တာလား
နူးညံ့တဲ့ အသည်းတစ်စစီကွဲအက်
ဘ၀ပျက်မတတ်ချစ်ခဲ့ပြီး
နင့်နင့်သီးသီး မင်းပေးတဲ့အမုန်းမီးကိုေ
ကျနပ်စွာခံယူ
ငါဆိုတာက မင်းကို ထာဝရချစ်မယ့်သူ..။
skaura(2001)

05 December, 2001

Leaving behind

နေရစ်မယ်

မာင်...
အမုန်းသံစဉ်တွေကို
ရက်စက်မှုဂီတတွေနဲ့ ပေါင်းစပ်နှောင်ဖွဲ့  လို့ မောင်ပြောခဲ့တယ်လေ
ရင်နာနေတာတောင်
သံယောဇဉ်နှောင်အဖွဲ့ တွေကို
အကြင်နာလက်ဆောင်ပြုလို့
ဟန်ဆောင်မှုဝေဒနာတွေနဲ့ နေရစ်ခဲ့မယ်..။
sakura(2001)

03 December, 2001

Missing you




လွမ်း
ရက်စက်ခြင်းမာယာပိုးတွေ
အသည်းထဲကိုရောက်ရှိ
မီးတောက်မတတ်
ပူလောင်ခံစားရင်း
ရင်ထဲမှာ


ဆွးမြေြ့ခင်းဒဏ်ရာများနဲ့


ကြကွဲစွာဖြင့်
ငါ.....လွမ်း....
sakura(2001)

02 December, 2001

Promise




ကတိ
တစ်နေရာဆီသို့
မင်းနဲ့ငါ ခွဲသွားရမှာမို့
အနေဝေးရင် သွေးအေးသလို
မင်းလည်းငါ့ကိုမေ့မှာစိုးတယ်
ဒါပေမယ့်
ငါတို့နှစ်ယောက်ကြားေ
မျှာ်လင့်ချက်လေးထားချင်သေးလို့ေ
ဝးကွာသွားလည်း
နှလုံးသားချင်း အစဉ်အမြဲနီးနေမယ်နော်..။
sakura(2001)

01 December, 2001

love grows



ချစ်မိုးသောက်ပင်
ဘယ်သူမှမသိအောင်
စိတ်ဆိုးတတ်တဲ့ကောင်မလေးရဲ့ရင်ထဲမှာ
တိတ်တခိုး
စိုက်ပျိုးထားတဲ့
ချစ်မိုးသောက်ပင်ငယ်


ငွားငြွားစွင့်စွင့်ထွားထွားဝင့်ဝင့်
လှပခြင်းတွေစိုစွတ်နေတဲ့
အဖူးအသစ်တွေနဲ့
ပိုလို့ ပျိုမြစ်လာခဲ့တယ်..။




sakura(2001)