22 January, 2024

love grows


ချစ်မိုးသောက်ပင်
ဘယ်သူမှမသိအောင်
စိတ်ဆိုးတတ်တဲ့ကောင်မလေးရဲ့ရင်ထဲမှာ
တိတ်တခိုး
စိုက်ပျိုးထားတဲ့
ချစ်မိုးသောက်ပင်ငယ်

ငွားငြွားစွင့်စွင့်ထွားထွားဝင့်ဝင့်
လှပခြင်းတွေစိုစွတ်နေတဲ့
အဖူးအသစ်တွေနဲ့
ပိုလို့ ပျိုမြစ်လာခဲ့တယ်..။


sakura(2001)

No comments:

Post a Comment